0
ယူ-၂၀အသင်း ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ဗိုလ်စွဲခြင်းနဲ့အတူ တိုက်စစ်မှူး ဆိုလန်ကီဟာလဲ ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့ရာမှာ ဆိုလန်ကီက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး၎ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Kiycksir6equk1xck2hy
အသက်၁၉နှစ်သာ ရှိသေးတဲ့ ဆိုလန်ကီဟာ ပြီးခဲ့တဲ့ဇွန်လ ၁ရက်နေ့ကမှ ချဲလ်ဆီးအသင်းကနေ ပေါင်၃သန်းဝန်းကျင်နဲ့ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ကစားသမားပါ။ ဒါဟာချဲလ်ဆီး အသင်းအတွက် နောင်တရစေမယ့် ဆုံးဖြတ်ချက်ဖြစ်ပြီး လီဗာပူးအသင်း အတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာပါပြီ။
Jplnthon8cwmsp2cgfkn
ကလော့ပ်ဆိုတာကလဲ လူငယ်ခြေတက် ကစားသမားတွေကို ရှာဖွေရာမှာ အင်မတန် ဆရာကျသူဖြစ်ပြီး သူမြေတောင် မြှောက်ပေးခဲ့တဲ့ ကစားသမားတွေဟာ အခုဆိုရင် ထိပ်တန်း ကစားသမားတွေအဖြစ် ရပ်တည်နေကြပါပြီ။ ဒါ့ကြောင့်လဲ ဆိုလန်ကီဟာ လီဗာပူးအသင်းမှာ ပိုမိုတောက်ပလာမယ်လို့ အားလုံးက မှတ်ချက်ပြုနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ဆိုလန်ကီကို ရောင်းချခဲ့တဲ့ ချဲလ်ဆီးအသင်းကို နောင်တရနေပီလားလို့ မေးရမလိုပါပဲ။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top