0
ဖြူးမြို့ပြည်သူဆေးရုံကြီး အရေးပေါ်လူနာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ဆရာဝန် တစ်ယောက်ကို အရပ်သားနှစ်ယောက်က ၀ိုင်းဝန်းထိုးကြိတ်မှု ဇွန်(၂၇ )ရက် ည (၁၀)နာရီက ဖြစ်ပွားခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းရဲ့ မှတ်တမ်းအရ သိရပါတယ်။
အဲဒီ လက်ထောက်ဆရာဝန်ဟာ ဆေးရုံအတွင်း အရေးကြီးလူနာတွေကို လှည့်လည်ကြည့်ရှုနေစဉ် အသက်(၅၃) နှစ်အရွယ် လူနာတစ်ယောက်ရဲ့သားတွေက မိခင်ဖြစ်သူကို ကြည့်ရှုပေးဖို့နောင့်နှေးနေတယ်လို့ဆိုကာ ဆဲဆိုကြိ မ်းမောင်းပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဆရာဝန်က အရေးကြီး လူနာတွေကို လိုက်လံကြည့်ရူ ကုသနေတဲ့အချိန်မှာ သူတို့အမေကချော်လဲလို့ နှုတ်ခမ်းကွဲပြီး ဆေးရုံတက်လာတာကို ချက်ချင်းမကြည့်ပေးလို့ ညီအစ်ကိုနှစ်ယောက်ကဝိုင်းထိုးတာပါ။ နှစ်ယောက်စလုံးကိုဖမ်းထားပါ တယ်လို့” ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ယောက်က Central News Bureau ကို ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြူးမြို့မ ရဲစခန်းက (ပ)၂၅၄ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၅၀၆/၁၁၄ အရ အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
Source : https://www.facebook.com/skynetcnb/

Post a Comment

 
Top