0

ဘရာဇီးသမ္မတ မီရှဲလ်တီမာကို ရှေ့နေချုပ်ထံမှ လာဘ်ငွေရယူမှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ သမ္မတတီမာဟာ အမဲသားထုတ်ပိုးမှုလုပ်ငန်းကြီးတစ်ခုထံမှ ငွေများလက်ခံရယူခဲ့ကာ အဂတိလိုက်စားမှု အရှုပ်အထွေးနဲ့ ရင်ဆိုင်နေရပါတယ်။ တီမာကတော့ ၎င်းအပေါ် စွပ်စွဲမှုတွေကို ငြင်းဆိုထားကြောင်း သိရပါတယ်။

သမ္မတကို လာဘ်ငွေရယူမှုဖြင့် စွဲချက်တင်ထားမှုအား တရားရုံးချုပ်တရားသူကြီးထံ တင်ပြထားကြောင်းနဲ့ အဆိုပါကိစ္စကို အောက်လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ခြင်းရှိ မရှိ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်သို့ ဆက်လက် တင်ပြခဲ့ပါက သမ္မတတီမာကိစ္စကို လွှတ်တော်အမတ်တွေက မဲခွဲရမယ်လို့ သိရပါတယ်။

တီမာကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး ၎င်းမှာ အပြစ်မရှိကြောင်း သက်သေပြသွားမယ်လို့ ကြုံးဝါးထားပါတယ်။ တီမာဟာ ယမန်နှစ်အတွင်း အာဏာရလာခဲ့ပြီးနောက် စွပ်စွဲချက်အများအပြား ရင်ဆိုင်ခဲ့ရပြီး ယခုအခါ ပထမဆုံးအကြိမ် တရားရုံးမှာ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။

သမ္မတတီမာနဲ့ အမဲသားထုတ်ပိုးမှုလုပ်ငန်း JBS ဥက္ကဋ္ဌတို့ လာဘ်ပေးလာဘ်ယူကိစ္စ ပြောဆိုဆွေးနွေးနေခြင်းကို အသံဖမ်းယူထားမှု ထွက်ပေါ်လာခဲ့ပြီးနောက် တီမာကို စွဲချက်တင်လိုက်တာဖြစ်ကြောင်း ဘရာဇီးသတင်းတွေက ဖော်ပြပါတယ်။ 

သမ္မတတီမာ အဂတိလိုက်စားတဲ့အမှုကို အောက်လွှတ်တော်သို့ တင်ပြနိုင်ခဲ့ပါကလည်း ၎င်းကို တရားရုံးမှာ စစ်ဆေးကြားနာရန်ဆုံးဖြတ်ချက် မထွက်ပေါ်စေရေး လိုအပ်တဲ့ မဲအရေအတွက် ရနိုင်လိမ့်မယ်လို့ တီမာရဲ့ မဟာမိတ်တွေက ယုံကြည်ထားပါတယ်။ ဘရာဇီးသမ္မတဟာ လာမယ့် သီတင်းပတ်များအတွင်းမှာလည်း နောက်ထပ် စွဲချက်များနဲ့ ရင်ဆိုင်ရအုံးမယ်လို့ သတင်းတွေက ပြောပါတယ်။

တီမာကို ဘရာဇီးမှာ လူကြိုက်အလွန်နည်းပေမဲ့ ၎င်းရဲ့ ဗဟိုလက်ယာပါတီက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ အတိုက်အခံ ပါတီတွေက ရွေးကောက်ပွဲများ ကျင်းပရန်နဲ့ တီမာကို သမ္မအဖြစ်မှ စွဲချက်တင်ပြီးဖုတ်ချရန် တောင်းဆိုးထားကြောင်းလည်း သိရပါတယ်။

ဘရာဇီးမှာ သမ္မတဒီလ်မာရူဆက်ဖ်အား အစိုးရဘဏ္ဍာငွေများ အလွဲသုံးစားပြုမှုဖြင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကာ ရာထူးမှဖြုတ်ချခဲ့ပြီးနောက် တီမာက သမ္မတနေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ သမ္မတရာထူးမှ ဖြုတ်ချခံခဲ့ရတဲ့ ဒီလ်မာရူဆက်ဖ်ကတော့ သူမအပေါ် စွဲချက်ကို အခိုင်အမာ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

Credit: Duwun

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top