0

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုက အဆုတ်ကျန်းမာရေးကို ထိခိုက်စေပါတယ် ။ အဆုတ်ကျန်းမာရေးကို ဆေးလိပ်သောက်သူများသာ ဂရုစိုက်ရမှာမဟုတ်ပါဘူး ။မကြာခဏ ချောင်းဆိုးတတ်ပါသလား ။ ဒါဆိုရင်တော့ သင့်မှာ အဆုတ်ရောဂါ ရှိနေနိုင်ပါတယ် ။ နေ့စဉ် ပတ်ဝန်းကျင်မှာ ညစ်ညမ်းနေသော လေထုကို ရှူသွင်း ရှူထုတ်လုပ်ရတဲ့ လူသားတိုင်း ဂရုစိုက်သင့်တဲ့ အရာပါ ။ အဆုတ်ကို သန့်စင်ပေးမယ့် စူပါအစားအစာ ၅ မျိုးကို ဖော်ပြပေးသွားပါ့မယ်..
ငရုတ်သီး
နေ့စဉ် သင်စားနေတဲ့ အစားအသောက်ထဲမှာ ငရုတ်သီးကို ထည့်စားပေးပါ ။ငရုတ်သီး မှာပါဝင်တဲ့ ဓါတ်တစ်မျိုးက အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းအသော အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။ ထို့အပြင် ငရုတ်သီးမှာ Carotene နှင့် Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆုတ်ကို ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တားဆီးပေးပါတယ်။ အစာအိမ်ရှိသူများအနေဖြင့်တော့ ငရုတ်သီး မစားသင့်ပါဘူး ။
ဂျင်း (ချင်း)
ဂျင်းက ကျန်းမာရေးပြဿနာတွေအတွက် တော်တော်များများမှာ အသုံးဝင်တဲ့ အရာတစ်မျိုးပါ ။ ဂျင်းသည်လည်း အဆုတ်မှာတွယ်ကပ်နေတတ်တဲ့ အချွှဲအကျိတွေကို ဖယ်ရှားပေးနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ် ။
ပန်းဂေါ်ဖီစိမ်း
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ Sulphoraphane ခေါ် compound တစ်မျိုးဟာ သွေးဖြူဆဲလ်တွေကို ကောင်းမွန်စေပြီး အဆုတ်တွင် ရှိတတ်သော အန္တရာယ်ရှိ ပိုးမွှားများနှင့် အခြား အပျက်အစီးများကို ဖယ်ရှားပေးနိုင်ပါတယ် ။ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။
ကြက်သွန်
ကြက်သွန် ဆိုရာမှာ အဖြူ နှင့် အနီ နှစ်မျိုးစလုံးပါဝင်ပါတယ် ။ ကြက်သွန်ကလည်း အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ် ။ အသက်ရှူလမ်းကြောင်း မှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊ အညစ်အကြေးတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာသွက်လက်စေပါတယ်။
သလဲသီး
ဓါတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝသော သလဲသီးဟာ အဆုတ်အတွက် အထူးကောင်းမွန်ပြီး ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ် ။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပြီး အဆိပ်အတောက်များ ဖယ်ရှားမှုကိုလည်း ကူညီပေးပါတယ်။ ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ သလဲသီးကို စားသုံးဖို့ ၊ သောက်သုံးဖို့အတွက် တိုက်တွန်းချင်ပါတယ် ။

Post a Comment

 
Top