0

ဒီနေ့ထုတ်ပြန်လိုက်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ဟာ ၇ နှစ် အတွင်း တတိယ အနည်းဆုံးဖြစ်ပြီး ဂုဏ်ထူးရသူ အများဆုံးဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။
၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ရှိပြီး ၂၄၂၇၃၆ အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ ဒီအရေအတွက်ဟာ ၇ နှစ်အတွင်း ဖြေဆိုသူ အများဆုံးလည်း ဖြစ်ပါတယ်။
၇ နှစ်အတွင်းမှာ အောင်ချက် အနည်းဆုံးကတော့ ၂၀၁၆ ခုနှစ် ဖြစ်ပြီး ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက် အောင်ချက် ရာခိုင်နှုန်းတွေမှာတော့ ရခိုင်ပြည်နယ်က ၁၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံး၊ မွန်ပြည်နယ်က ၄၁ ဒသမ ၁၂ နဲ့ အများဆုံး ဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးကတော့ ၄၀ ဒသမ ၂၂ နဲ့ ဒုတိယ အောင်ချက် အကောင်းဆုံး ဖြစ်ပါတယ်။
ဒီနှစ်မှာ ဂုဏ်ထူးရသူပေါင်းက ၅၆၇၁၈ ယောက်ဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၈၀၉ ယောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အောင်ချက်အကောင်းဆုံးဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ ဂုဏ်ထူးရသူပေါင်း ၅၃၂၂၅ ရှိခဲ့တာပါ။
ဒီနှစ်မှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတွေမှာ ၆ ဘာသာဂုဏ်ထူးရသူ တစ်ယောက်မှ မရှိပဲ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ နိုင်ငံခြားစာစစ်ဌာနတွေကတော့ တစ်ယောက်စီ ရှိပါတယ်။
တစ်နိုင်ငံလုံးစာရင်းတွေအရ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာသုံးဘာသာမှာ အင်္ဂလိပ်စာ ဂုဏ်ထူးရသူ ၃၀၄၅ ယောက်နဲ့ အနည်းဆုံးဖြစ်ပြီး သင်္ချာဂုဏ်ထူးရသူက ၁၀၄၉၉ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။
ကျန်တဲ့ ဘာသာတွေမှာတော့ ဘောဂဗေဒ ဂုဏ်ထူးရသူ ၂၆၃၄၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဓာတုဗေဒက ၁၆၉၄၂ ယောက်နဲ့ ဒုတိယ အများဆုံး ရရှိကြတာ ဖြစ်ပါတယ်။

Post a Comment

 
Top