0


ပြေတီဦးကတော့ အနုပညာကြေးအမြင့်ဆုံးမင်းသားစာရင်းဝင် တစ်ယောက်ဖြစ်ပေမယ့်

ခုနောက်ပိုင်းတော့ အနုပညာကြေးတွေလျော့ယူနေပါတယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့

Video ကားကြည့်တဲ့ပရိသတ်တွေအတွက်ပါ ။

‘‘အဓိကကတော့ ကျွန်တော် တို့ကို အားပေးခဲ့တာ ဗီဒီယိုကြည့် တဲ့ ပရိသတ်တွေ။ သူတို့အားပေး ပြီး ကျွန်တော်တို့နေရာ လေးတစ်ခု ရခဲ့တာဆိုတော့ သူတို့ကိုကြည့် စေချင်တယ်။ တချို့နယ်တွေမှာ ဆိုရင် ရုပ်ရှင်ရုံမရှိဘူး။ ဗီဒီယိုပဲ ကြည့်ရတာ။ ဗီဒီယိုမရှိရင် ကြည့် စရာမရှိတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း ဘူး။ အဲဒါကြောင့် ဗီဒီယိုကိုဈေး တွေ အများကြီးလျှော့ပြီး မဖြစ် ဖြစ်အောင် ရိုက်ပြီးပရိသတ်တွေ ဆီကို ရောက်အောင်ပြန်ကြိုးစား နေတာပါ’’လို့ 7days news ရဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာပါ။

လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးထားတဲ့ အပြင် ဗီဒီယိုဇာတ်ကားတွေလဲ ဆက်တိုက်ပြန်ရိုက်ကူးနေပါတယ်လို့ဆိုပါတယ် ။

ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနိုင်ရေးအတွက် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်းအပါအဝင် နာမည်ကြီး အနုပညာရှင်များကို အနုပညာကြေးလျော့ပြီး ရိုက်ကူးပေးဖို့ လိုအပ်ကြောင်းလဲ ထပ်မံပြောကြားသွားပါသေးတယ် ။

သတင်းအရင်းမြစ် : 7day

Post a Comment

 
Top