တရုတ်နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမားတစ်ယောက် အပေါ်ထပ်မှ အောက်သို့မတော်တဆ ပြုတ်ကျခဲပါတယ်။ သူဟာ အောက်မှာ ဖောင်ဒေးရှင်အတွက် စိုက်ထားတဲ့ ပန်းလုံးသံပင်တွေပေါ်ကို တည့်တည့် ပြုတ်ကျခဲ့ တာ ဖြစ်ပြီး၊ သံချောင်းတစ်ချောင်းဟာ မေးနဲ့မဝေးလှတဲ့ လည်ချောင်းမှ ပါးစပ်အပြင်ဘက်ထိ ထုတ်ချင်းပေါက်သွားခဲ့ါတယ်။
သူရဲ့အမည်ကို တရုတ်မီဒီယာတွေက ဖော်ပြထားခြင်း မရှိဘဲ၊ အခင်းဖြစ်ပြီး မကြာမီမှာပဲ သူရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ ချင်းတွေက သူ့ကို ဆေးရုံကားနဲ့ အမြန်ပို့နိုင်အောင် စီစဉ်ခဲ့ကြကြောင်း သိရပါတယ်။ ဖြစ်စဉ်မှတ်တမ်း ဗွီဒိယိုကို ကြည့်ရှု သူ 3 သန်း ကျော်လွန်ခဲ့ပါတယ်။
ဗွီဒီယိုထဲမှာ လုပ်ဖော်ကိုင်ဘက်တွေဟာ ကာယကံရှင်အမျိုးသားကို ၀ိုင်းမထားသူတွေ ရှိသလို၊ အမြန်လွတ်မြောက်အောင်
ကြိုးစားနေသူတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒေသခံသတင်းစာတွေရဲ့ အဆိုအရ သံချောင်းဟာ သွားတွေကြားကနေ အပေါ်သို့ ဖောက်ထွက်သွားပေမယ့် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုတော့ မထိခဲ့ဘူးလို့ သိရပါတယ်။
ကြိုးစားနေသူတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒေသခံသတင်းစာတွေရဲ့ အဆိုအရ သံချောင်းဟာ သွားတွေကြားကနေ အပေါ်သို့ ဖောက်ထွက်သွားပေမယ့် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုတော့ မထိခဲ့ဘူးလို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေလည်း အခင်းဖြစ်နေရာကို ချက်ချင်းရောက်လာခဲ့ပြီး ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ ခွဲစိတ်မှု လည်း အောင်မြင်ခဲ့ကြောင်း သိရပြီး၊ အသက်အန္တရာယ်လည်း မရှိတော့ဘူးလို့ သိရပါတယ်။ လောလောဆယ်တော့ သူ့ကို အထူးကြပ်မက် ကုသဆောင်မှာ ထားရှိကြောင်း သိရပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.