0
ဒီကနေ့ခေတ်မှာ ကာယဗလအားကစားရုံမှ သွားရောက်ပြီး ခန္ဓာကိုယ် လှပအောင်လေ့ကျင့်တယ် ဆိုတာက အထူးအဆန်းအရာတစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့ ယခုဖော်ပြမဲ့ ဓာတ်ပုံများမှာတော့ ၁၉ ရာစုခေတ်မှ ကာယဗလအားကစားရုံမှာ ကစားရတဲ့ အလုပ်ဟာ တော်တော်ခက်ခဲကြောင်းတွေ့ရမှာဖြစ်ပါတယ်။

ဒေါက်တာ ဂူစတပ် ဇန်ဒါ (Dr Gustav Zander)ဟာ ၁၈၆၅ ခုနှစ်က ပထမဆုံး လေ့ကျင့်ရေးစက်နဲ့ ကာယဗလအားကစားရုံကို တည်ထောင်ခဲ့တဲ့ သူဖြစ်ပါတယ်။
သူရဲ့ အလုပ်ဟာ ၁၉၁၁ ခုနှစ်မှာ အရမ်းအောင်မြင်ခဲ့ပြီး ကမ္ဘာအနှံ့ကာယဗလအားကစားရုံပေါင်း ၃၀၀ ခန့်အထိဖွင့်လှစ်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကို အမြဲတမ်း သူမစောင့်ရှောက်နိုင်ဘူးဆိုတာ သဘောပေါက်လာတဲ့အတွက် ကျောင်းသားများအတွက် ကာယဗလအားကစားရုံတည်ထောင်ပေးဖို့ အကြံဥာဏ်ကိုရခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒေါက်တာ ဂူစတပ်ဟာ သစ်သားများ၊ စက်သီးများနဲ့ အလေးတုံးများပါဝင်တဲ့ စက်ကို တည်ဆောက်ခဲ့ပြီး ခန္ဓာကိုယ်ကို အလေးရှိတဲ့ အရာများကို မပြီး လေ့ကျင့်ဖို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


သူဟာ အားစိုက်ထုတ်မှုနဲ့ ကျန်းမာရေးတို့ရဲ့ ဆယ်နွယ်မှုကို ပထမဆုံးတွေ့ရှိခဲ့တဲ့ ဒေါက်တာတစ်ဦးဖြစ်ပြီး ပထမဆုံး ကာယဗလ လေ့ကျင့်စက်တွေက အရမ်းအခြေခံကျပေမဲ့  ၁၈၆၈ ခုနှစ်နောက်ပိုင်းမှာ လျှပ်စစ်မော်တာများပါဝင်လာတဲ့အထိ တိုးတက်လာခဲ့ပါတယ်။ဒေါက်တာ ဂူစတပ်ဟာ ကြွက်သားများက တည်ဆောက်လို့ရတဲ့ အရာများဖြစ်တယ်ဆိုတာကို ယုံကြည်တဲ့ သူတစ်ယောက်ဖြစ်ပြီး လူများ ခေတ်အဆက်ဆက် ကြွက်သားကြီးအောင် လေ့ကျင့်ပုံတွေကို လေ့လာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
Ref : Mirror

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top