0
Image result for Thankful
၁။ ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့သူကို တွေ့ရင် သူ့ကို အပြုံးလေးနဲ့ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ သူကြောင့် ကိုယ့်က အချစ်အကြောင်းကို ပိုနားလည်ခဲ့လို့ပါ။
၂။ ကိုယ်တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို တွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန် ဆက်ဆံသွားပါ။ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ သူငယ်ချင်းအစစ်တွေရဖို့ဆိုတာ လွယ်လွယ်နဲ့ မရနိုင်တော့လို့ပါ။ 
၃။ ကိုယ့်ကို တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် အပြုံးလေးနဲ့နှုတ်ဆက်လိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့ သူကြောင့် ကိုယ်က ပိုပြီး သတ္တိရှိလာလို့ပါ။
၎။ ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်းကျေးဇူးတင်ပါ။ဘာဖြစ်လို့လဲဆိုတော့ သူပာာ ကိုယ့်ဘဝရဲ့အလှည့်အပြောင်းကို ဖန်တီးပေးခဲ့လို့ပါ။ 
၅။ ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့တဲ့သူကို တွေ့ခဲ့ရင် မျက်နှာမဲ့ တင်းသွားတာမျိုးမလုပ်ပဲနဲ့ သူနဲ့အေးအေးဆေးဆေး စကားပြောလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့ သူကြောင့် မပာုတ်ရင် ကိုယ်လည်း လောကကြီးအကြောင်းကို သေချာသိလာမှာ မပာုတ်လို့ပါ။
၆။ ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့တဲ့သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ် သူ့ကို တိတ်တခိုးချစ်ခဲ့တုန်းက သူပျော်ရွှင်နေတာကိုပဲ အမြဲမျှော်လင့်နေခဲ့တာ မပာုတ်လား။
၇။ ကိုယ်တစ်ကယ်ချစ်တဲ့သူကို တွေ့ခဲ့ရင် သူနဲ့ဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ အခွင့်အရေးရအောင် ကိုယ်ဖက်က သေချာကြိုးစားပါ။ဘာဖြစ်လို့လဲဆိုတော့ သူ ကိုယ့်ဘဝထဲက ထွက်သွားခဲ့ရင် အရာအားလုံးပာာ အဓိပ္ပါယ်မရှိသလို ဖြစ်သွားမှာ စိုးလို့ပါ။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top