0

မန်ယူသည် လက်ရှိတွင် မိုရာတာကို ခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်ထံသို့ တရားဝင်ကမ်းလှမ်းမှုများ လုပ်ဆောင်ထားပြီဖြစ်ကာ ယင်းကမ်းလှမ်းမှုကို ပြောင်းလဲပြင်ဆင်၍ စီရော်နယ်ဒိုကိုပါ ခေါ်ယူနိုင်ရန် မန်ယူဘက်က ကြိုးပမ်းမည့်အရိပ်အယောင်များ ရှိနေကြောင်း စပိန်သတင်းသတင်းမီဒီယာများကလည်း အသိပေးထားသည်။
ရီးရဲလ်မက်ဒရစ်သည် ဂိုးသမားနေရာအတွက် ဒီဂီယာကို အလိုရှိနေဆဲဖြစ်သည်ဟု မန်ယူအသင်းတာဝန်ရှိသူများက အခိုင်အမာ ယူဆထားပြီး ဒီဂီယာအပြင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၈၃ သန်း ရရှိမည့်အချက်က စီရော်နယ်ဒိုနှင့် မိုရာတာတို့ နှစ်ဦးလုံးကို ရောင်းထုတ်ရန်အတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်ကို များစွာဆွဲဆောင်နိုင်လိမ့်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက မျှော်လင့်နေကြသည်။

မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၈၃ သန်းအပြင် ဂိုးသမား ဒီဂီယာကိုပါ အလိုက်ပေး၍ စီရော်နယ်ဒိုနှင့် မိုရာတာတို့ကို ခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်ထံသို့ သွေးတိုးစမ်း ကမ်းလှမ်းကြည့်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် ၎င်းကို အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲကာ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့က အမှုစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ကို ဒေါသပေါက်ကွဲနေပြီး အကယ်၍ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့ဘက်က ရှေ့ဆက်တိုးလာခဲ့မည်ဆိုပါကမူ ၎င်းအနေနှင့် စပိန်မြေကို စွန့်ခွာရန် ဆုံးဖြတ်ရလိမ့်မည်ဟု ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများကို စီရော်နယ်ဒိုက အသိပေးထားပြီလည်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် လက်ရှိတွင် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဦးစီးဌာနတို့က စီရော်နယ်ဒို တိမ်းရှောင်ထားသည်ဟု စွပ်စွဲပြောကြားနေသည့် အခွန်ငွေ ပေါင် ၁၃ သန်းကို စီရော်နယ်ဒိုကိုယ်စား ၎င်းတို့က ကြားဝင်စိုက်ထုတ်ပေးဆောင်ရန် စီစဉ်နေပြီဖြစ်ကာ မန်ယူအသင်းကလည်း အခွန်ငွေပြဿနာကြောင့် စီရော်နယ်ဒို၏အနာဂတ် မတည်မငြိမ်ဖြစ်လာခြင်းအပေါ်တွင်မူတည်၍ ၎င်းကိုပြန်ခေါ်ရန် စိတ်ဝင်စား လာခြင်းဖြစ်သည်။

Post a Comment

 
Top