0

ရေတွေတသွင်သွင် အလျှင်ကြမ်းကြမ်းနဲ့ စီးဆင်းနေတဲ့ နီယာဂရာရေတံခွန်ကြီးပေါ်မှာ အမြင့်ပေ 300 အထက်ကနေ ရဟတ်ယာဉ်နဲ့ ကြိုးတွဲလောင်းခိုပြတဲ့ အမျိုးသမီးကတော့ တကယ့် အာဂပါဘဲ။ Erendira Wallenda လို့ အမည်ရတဲ့ အဆိုပါ အမျိုးသမီးဟာ ဒီပြကွက်ကြောင့် ယခင်တင်ရှိထားတဲ့ မှတ်တမ်းကို ချိုးဖြတ်ကာ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
သူမဟာ ကြိုးကို သာမန် တွဲလောင်းခိုပြတာမဟုတ်ဘဲ၊ ချိတ်ကို ပါးစပ်နဲ့ကိုက်ကာ အမြင့်ပေ 300 အထက်မှာ လေပေါ်ပျံဝဲ တွဲလောင်းခိုပြခဲ့တာပါ။ ဒေသစံတော်ချိန် မနက် 8.30 မှာ တွဲလောင်းခို ပြကွက်ကို ပြသခဲ့တာဖြစ်ပါတယ်။ သူမဟာ ပေ 250 အမြင့်မှာလည်း အသည်းယားဖွယ်ရာ ပြကွက်တွေကို ပြသခဲ့ပါတယ်။

Erendira ဟာ အမေရိကန်နိုင်ငံသူ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး၊ သားသမီး သုံးယောက် ရှိပါတယ်။ သူမရဲ့ မိဘတွေကလည်း စွန့်စားမှုမှာ ဂစ်နစ်စံချိန်ဝင် လက်မှတ်ရထားသူတွေ ဖြစ်ပြီး၊ Erendira ဟာ ငယ်စဉ်ဘ၀တုန်းကလည်း စွန့်စွန့် စားစား ပြကွက်တွေကို နှစ်ခြိုက်သဘောကျသူ ဖြစ်ပါတယ်။



သူမရဲ့ ယောက်ျား Nik Wallenda ကလည်း လူစွန့်စားတစ်ယောက်ဖြစ်ပြီး၊ အမြင့်ပေ 250 မှာ ကြိုးကို ပါးစပ်နဲ့ကိုက်ပြီး တွဲလောင်းခိုပြပြီး ဂင်းနစ်မှတ်တမ်းတင်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခု Erendira က သူမရဲ့ ခင်ပွန်းတင်ထားတဲ့ မှတ်တမ်းထက် ပေ 50 ပိုအမြင့်မှာ ကြိုးကိုပါးစပ်းနဲ့ကိုက်ကာ တွဲလောင်းခိုကာ ခြိုးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

2011 ခုနှစ်တုန်းက Nik ဟာ Missouri မြို့က Silver Dollar City ကောင်းကင်ယံမှာ အမြင့်ပေ 250 မှာ ကြိုးကို ပါးစပ်နဲ့ကိုက်ကာ ဂင်းနစ်မှတ်တမ်းကို တင်နိုင်ခဲ့သူဖြစ်ပြီး 6 နှစ်အကြာမှ သူရဲ့ စံချိန်ကို ဇနီးဖြစ်သူ Erendira က ချိုးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Nik ဟာ ယခု နီယာဂရာ ရေတံခွန်ကြီးရဲ့ ဟိုဘက်သည်ဘက်ကို 2012 ခုနှစ်တုန်းက ကြိုးတန်းလမ်းလျှောက်ပြီး ဂင်းနစ် မှတ်တမ်း တင်ထားနိုင်တဲ့ လူစွန့်စားလည်း ဖြစ်ပါတယ်။








source : thesun.co.uk

Post a Comment

 
Top