0


တောင်ကယ်ရိုလိုင်းနားရဲတပ်ဖွဲ့ဟာ လူသတ်တရားခံ Todd Kohlhepp (44)နှစ်ရဲ့ အိမ်ကို ၀င်ရောက် စီးနင်းစဉ်မှာ လည်ပင်းကို သံကြိုးနဲ့ ချည်နှောင်ထားခြင်း ခံရတဲ့ Kala Brown အမည်ရ အသက် 30 အရွယ် အမျိုးသမီးကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။ Kala ကို Todd က ကွန်တိန်နာထဲမှာ သံကြိုးနဲ့ချည် လှောင်ပိတ်ထားတာပါ။


Todd ဟာ Kala ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် အဓမ္မပြုကျင့်ခဲ့ပြီး Kala ရဲ့ချစ်သူအပါအ၀င် လူ (7)ဦးကို သတ်
ဖြတ်ခဲ့ပါတယ်။ 2016 ခုနှစ် နိုဝင်္ဘာလ 26 ရက်နေ့မှာ Todd ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ Kala ကို ပြန်ပေးစွဲ အဓမ္မကျင့်မှု အပါအအ၀င် လူသတ်မှု (7)မှုနဲ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

Kala ကို ချုပ်နှောင်ထားတဲ့ ကွန်တိန်နာဟာ Todd ရဲ့ ခြံဝင်းအတွင်းမှာ တည်ရှိပြီး၊ Kala ကို ကယ်ဆယ်ဖို့အတွက် အပြင်ကနေ ဆယ်မိနစ်လောက် ကိရိယာမျိုးစုံအသုံးပြုပြီး ဖောက်ဝင်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့မှတ်တမ်းဗွီဒီယိုကို သောကြာနေ့ က ထုတ်ပြန်ခဲ့ပါတယ်။ Todd ဟာ Kala ရဲ့ချစ်သူ Charles Carter (32)နှစ်ကို 7 ယောက်မြောက်အဖြစ် သတ်ဖြတ် ခဲ့ပါသေးတယ်။


Todd 2013 ခုနှစ်မှာ Scott Ponder အသက် (30)နှစ်၊  Beverly Guy (52)နှစ်၊  Brian Lucas (30) နှစ်နဲ့ Chris Sherbert (26)တို့ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အသက် 29 နှစ်အရွယ် Johnny Joe Coxie နဲ့ Meagan Leigh McCraw-Coxie (30)နှစ်၊ အသက် 32 နှစ်အရွယ် Charles အသက် 32 နှစ် (Kala ရဲ့ချစ်သူ) ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့လို့ ထောင်ဒဏ်တစ်သက်အပြင် နှစ် 60 အပို ကျခံစေဖို့ အမိန့်ချမှတ်ခံ ခဲ့ရပါတယ်။


Charles နှင့် Kala
Todd ဟာ 2016 ခုနှစ် နိုဝင်ဘာလမှာ Charles ကို သတ်ဖြတ်ပြီး Kala ကို ပြန်ပေးဆွဲကာ လိမ်ကျွန်ပြုခဲ့တာပါ။ ပျောက်နေတာ နှစ်လအကြာမှာ ရဲတပ်ဖွဲ့က Kala ရှိရာကို ခြေရာခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က Todd ဟာ သူ အသက် 15 နှစ်အရွယ်တုန်းက အရီဇိုးနားပြည်နယ်မှာ ရှိစဉ် 14 နှစ်အရွယ် ကောင်မလေးကို အဓမ္မပြုကျင့်ခဲ့လို့ ထောင် ဒဏ် 14 နှစ် ကျခံခဲ့ရပြီး 2001 ခုနှစ်မှာ ပြန်လည်လွှတ်မြောက်လာသည့် အကျဉ်းသားဟောင်းတစ်ဦး ဖြစ်ပါတယ်။



source : thesun.co.uk


Post a Comment

 
Top