0

Locanto လို့ အမည်ရတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုပေါ်မှာ အသက် 19 နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ အပျိုစင်ဘ၀ကို ပေါင် 150000 နဲ့  ရောင်းချမယ်လို့ ကြော်ငြာခဲ့ပါတယ်။ သူမရဲ့အမည်ကို ဖော်ပြထားခြင်း မရှိပေမယ့် အသက်က 19 နှစ်ဖြစ်ပြီး အပျိုစစ်စစ်ဖြစ်တယ်လို့ ၀က်ဘ်ဆိုဒ်က အာမခံထားပါတယ်။


ကာယကံရှင်အမျိုးသမီးကလည်း အချိန်မရွေး ပွင့်ပွင့်လင်းလင်း ဆက်သွယ်နိုင်ကြောင်း ပြောထားပါတယ်။ အဆိုပါ ကောင်မလေးဟာ သြစတေးလျနိုင်ငံ ဆစ်ဒနီမှာ နေထိုင်ပြီး၊ တစ်ချို့က ဒီကြော်ငြာကို အတု သို့မဟုတ် ခပ်တည်တည်နဲ့  နောက်ထားတာ ဖြစ်နိုင်ကြောင်း ယူဆနေပါတယ်။

ကြော်ငြာထဲမှာ ကောင်မလေးက ပြောတဲ့ပုံစံနဲ့ စကားလုံးတွေကို ဖော်ပြထားပါတယ်။ ဖော်ပြချက်မှာ ” ဟေး .. ကျမက အသက် 19 နှစ်ပါ .. ရှင်တို့ကို အပျိုစင်ဘ၀ ရောင်းမယ့်သူပေါ့ “လို့ ရေးသားထားပါတယ်။ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် ကိုလည်း 5.3 ပေ၊ 6.9 စတုံလို့ ဖော်ပြထားပါတယ်။


သူမက ပိန်ပေမယ့် အားကစားလိုက်စားသူမို့ ပြည့်ပြည့်ဖောင်းဖောင်းလေးပါလို့ ပြောထားပါသေးတယ်။ သူမရဲ့တောင်းဆိုမှု ထဲမှာ ” ကျမတို့ စားသောက်ဆိုင် သွားမယ် .. ပြီးရင် ညစာ စားပြီး၊ ကျမတို့ အတူနေမယ် .. ရှင်ကြိုက်တဲ့ ဟိုတယ်ကို ရှင်ရွေးပါ .. နောက် ကွန်ဒုံးသုံးရမယ် .. ဒီအချက်တွေ အဆင်မပြေဘူးရင် အစီအစဉ်ပျက်တယ်လို့ သဘောထားမယ် “လို့ ရေးသားထားပါတယ်။

ငွေချေမှုနဲ့ ပတ်သက်ပြီး ” ငွေ အရင်ချေရမှာပါ … နောက် Sex Toy လည်း သုံးလို့ မရသလို၊ အကြမ်းဖက်တာလည်း ခွင့်မပြုပါဘူး … နောက် ဗွီဒီယိုရိုက်ကူးခြင်းနဲ့ ဗွီဒီယိုထဲမှာ ပါတဲ့ပုံစံတွေ သရုပ်ဆောင်ခိုင်းလို့ မရပါဘူး … ရှင် သိချင်တဲ့ မေးခွန်းကို မေးနိုင်ပါတယ် .. ကျမက ပွင့်ပွင့်လင်းလင်းပါဘဲ “လို့ ဆိုပါတယ်။


ပေါင် တစ်သိန်းခွဲဟာ သြစတေးလျှပိုက်ဆံ 250000 နဲ့ ညီမျှပါတယ်။ တစ်ချို့ကတော့ ဒီကြော်ငြာက အစစ်လို့ ဆိုထားပါတယ်။ အကြောင်းကတော့ အခု လက်တလောမှာ အပျိုစင်ကို ရောင်းချတဲ့သူတွေဟာ သတင်းစာမျက်နှာတွေမှာ ပေါ်ပြူ လာ ဖြစ်နေလို့ပါ။

source : thesun.co.uk


Post a Comment

 
Top