0
အထက်တန်းကျောင်းသား များ ညအိပ်စခန်း ၀င်ရာမှရောဂါဆန်း တမျိုးဖြစ်ပွားကာ (၃၅) ယောက် ဆေးရုံတင်ကုသနေရ ဟုသိရသည်။
ထိုင်းနိုင်ငံ အူဘွန်ရချဌာနီဘုန်းကြီးကျောင်းဝန်း အတွင်းမှာ ဖွင့်လစ် ထားတဲ့ စုန်ဒက် အထက်တန်းကျောင်းက ကျောင်း သားတွေဟာ ကျောင်းတွင်း ညအိပ် စခန်းဝင်တရားကျင့် နေကြစဉ်မှာ ည ၇နာရီအချိန် ဆုတောင်းပွဲလုပ်နေရင်း ကျော င်းသူလေးတဦးကစပြီး (မကောင်းဆိုးဝါးဝင်ပူးကပ်သလို) ရုတ်တရက် အော်ဟစ် ငိုနေရင်းနဲ့  မူးမေ့လဲကျသွားခဲ့ပါတယ်။

အဆိုပါကျောင်းသူကို လူနာတင်ကားနဲ့  ဆေးရုံပို့ ကုသနေစဉ် မှာ အသက်(၁၃)နှစ်ကနေ (၁၇ )နှစ် အတွင်းရှိ တခြားေ ကျင်း ကျောင်းသူကျောင်းသားလေးတွေ (၃၅)ယောက်ဟာလည်း တဦးပြီးတဦး ပထမ မိန်းခလေးဖြစ်ခဲ့သလိုမျိုးစိ တ်မ ထိမ်းနိုင်ဖြစ်လာတယ်၊ အော်ဟစ်ငိုနေကြလို့ ဘာရောဂါမှန်းမသိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆရာဆရာမတွေ နဲ့  မြို့ နယ် အုပ်ချုပ်ရေးအရာရှိတွေဟာ စခန်းဝင်ပွဲကိုဖျက်လိုက်ရတယ်လို့  သတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။
ကျောင်းသားတွေကို နီးစပ်ရာဆေးရုံတွေဆီ ပို့ ဆောင်ကုသပေးခဲ့ရပါတယ်။ အစားအသောက်ကြောင့် ဖြစ်ခဲ့တာမဟု တ်ကြောင်း၊ ဆရာဝန်တွေ ရဲ့  သုံး သတ်ချက်ကတော့ ကျောင်းသားလူငယ်တွေဟာ တရားထိုင်နေရင်း စိတ် တွေ မောပန်းလာတယ်၊ပြီးရင် ဇော ချွေးထွက် များ လာတဲ့နောက် ဂယောင်ခြောက်ချားဖြစ်လာပြီး ခုလိုမူးမေ့လဲ တဲ့အ ထိဖြစ်ခဲ့တာ လို့ ဆိုရပါတယ်။

မြို့ ခံလူတချို့ ကတော့ ဘုန်ကြီးကျောင်းဝန်းအတွင်းမှာ ကျောင်းသားတွေဟာအမှားတခုခု လုပ်ခဲ့လို့  ဘေးပရောဂ ၀င်လာတာဖြစ်နိုင်တယ်လို့ လည်း ပြောဆိုနေကြပါတယ်။
Social Action for Children and Women – SAW

Post a Comment

 
Top