0

 ကမ္ဘာ့ ကိုယ်လုံးတီးစက်ဘီးစီးနေ့ကို အင်္ဂလန်နိုင်ငံ မန်ချန်စတာမြို့တွင် ဇွန် ၁၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ယခုအကြိမ်သည် ၁၁ ကြိမ်မြောက် ကမ္ဘာ့ ကိုယ်လုံးတီးစက်ဘီးစီးနေ့ဖြစ်ပြီး အဆိုပါနေ့ကို ကမ္ဘာအနှံ့ မြို့ပေါင်း ၇၀ ခန့်တွင် ကျင်းပသည်ဟုဆိုသည်။
စက်ဘီးစီးသူများအတွက် အန္တရာယ်ကြုံတွေ့ရမှုလျော့ပါးရေး စက်တပ်ယာဉ်များမှထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ပါးရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါပွဲကို ကျင်းပသည်။
ထို့ပြင် စက်ဘီးစီးခြင်း အလေ့အထ ပိုမိုတွင်ကျယ်လာရေး မိမိ ခန္ဓာကိုယ်အပေါ် ယုံကြည်မှု ရှိစေရေး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် ဘဝနေထိုင်မှုပုံစံများကို ပိုမိုသတိပြုလာစေရန်လည်း ရည်ရွယ်သည်ဟုဆိုသည်။

ကိုယ်လုံးတီးစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲခဲ့သည့် စက်ဘီးသမားများသည် မန်ချက်စတာမြို့၏ အထင်ကရနေရာများဖြစ်သည့် မြို့တော်ခန်းမ စိန့်ပီတာစ်ဘာ့ခ်ရင်ပြင်များအပါအဝင် Deansgate တလျောက် ဖြတ်သန်းစီးနင်းခဲ့ကြသည်။
ပါဝင်ဆင်နွှဲလိုသူများအတွက် အဝတ်အစားစံသတ်မှတ်ချက်အဖြစ် "ဖော်နိုင်သလောက်နှင့် ဖော်ရဲသလောက်ဖော်ပါ"ဟု ရိုးရှင်းစွာ ဖော်ပြထားသည်။


အဆိုပါပွဲတွင် သြစတြေးလျကဲ့သို့ အလှမ်းဝေးသောနိုင်ငံမှ လာရောက်သူများ အခြားပြည်ပနိုင်ငံများမှ စက်ဘီးစီးသူများလည်း ပါဝင်ဆင်နွှဲကြသည်။
ယခုနှစ်ကျင်းပသည့်ပွဲကို သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ပျားများ၏အရေးပါမှုကို သတိပြုမိစေရန်အတွက် Bee Theme ဖြင့် ဆင်နွှဲခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်အဝါကြား လုပ်သားပျားသဖွယ် ရေးချယ်ကြသည်။

ယခင်လကဖြစ်ပွားခဲ့သည့် မန်ချက်စတာ အကြမ်းဖက်မှုတွင်သေဆုံးဒဏ်ရာရခဲ့သူများအား ဂုဏ်ပြုသောအားဖြင့် ပါဝင်ဆင်နွှဲသူများလည်းရှိသည်။
ရည်ညွှန်း-Metro

Post a Comment

 
Top