0

အင်္ဂလန်အသင်းဟာ အသက်အရွယ်အရ အကျဘက်ကို ရောက်လာပြီဖြစ်တဲ့ အသင်းခေါင်းဆောင် ၀ိန်းရွန်းနီနေရာကိုဆက်ခံဖို့ အသင်းခေါင်းဆောင်တစ်ဦးကို ၂၀၁၈ကမ္ဘာ့ဖလားမတိုင်ခင် မဖြစ်မနေ ခန့်အပ်ရတော့မှာပါ။ ဒါ့ကြောင့်နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးအတွက် သင့်တော်တဲ့ ကစားသမားကို ရှာဖွေနေတယ်လို့ သိရပါတယ်။
Lu0ixpv2cczahn3ppzbb
အားလုံးထဲမှာ အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်လာနိုင်တဲ့ သူကတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းပဲဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ဟယ်ရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အတွက် အမြဲရွေးချယ်ခံရနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်နေလို့ပါဆိုပြီး The Sun ကဖော်ပြသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန် တိုက်စစ်မှူးတွေထဲမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်မှာ နေရာအခိုင်အမာ ရမယ့်သူလို့ ထင်ကြေးပေး ခံထားရသူပါ။ ပြီးခဲ့တဲ့ရာသီကလဲ ပရီးမီးယားလိဂ်မှာ စပါးအသင်းအတွက် ၂၉ဂိုးသွင်းယူပေးခဲ့ပြီး ရွှေဖိနပ်ဆုကို ရယူထားနိုင်ခဲ့ပါတယ်။
N6e8l3d2u0safx1qe0lc
မနေ့ညက ကစားခဲ့တဲ့ စကော့တလန်နဲ့ပွဲမှာလဲ အသင်းခေါင်းဆောင် ၀ိန်းရွန်းနီမပါတဲ့ အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားခဲ့ပါတယ်။ ဒါ့ကြောင့် ရွန်းနီနောက်ပိုင်း အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်လာဖို့ ဟယ်ရီကိန်းက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Post a Comment

 
Top