0

ဝိတ်တွေ အရမ်းတတ်နေလို့ စိတ်ညစ်နေပြီလား.?၀ိတ်တော့ ကျချင်တယ် ဒါေ ပမယ့် အားကစားလုပ်ရမှာ ပျင်းတယ်ဆိုတဲ့ ပျိုမေတွေ အတွက် Diet Plan တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ သခွားသီး diet ပါ။သခွား သီးဟာ ခန္ဓာကိုယ်အတွက်ရော၊အသားအရေအတွက် ပါကောင်းတယ်ဆိုတာကို သိကြပြီးဖြစ်မှာပါ။လူတွေသိပ်မသိကြတာကတော့ သခွားသီးစားရင် ခန္ဓာကိုယ် ရဲ့ ကိုယ်တွင်းအင်္ဂါတွေ၊metabolism(ကိုယ်တွင်းအစာချေဖျက်မှု၊ကြီးထွားမှုနဲ့ စွန့်ထုတ်မှု ဇီဝတွင်းဖြစ်ပျက်မှုတွေကို)လှုံ့ဆော်ပေးနိုင်ပါတယ်။ဒါတင် မကေ သးပါဘူး။အူတွေကိုလည်း သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
Cucumber-Diet-To-Lose-Weight
အရေးပေါ်ဝိတ်ချချင်တယ်ဆိုရင်တော့ (၁၀)ရက်လောက် အချိန်ယူပြီး ၀ိတ် ချေ ပးပါ။ဒီအတိုင်း သခွားသီးကြီး စားပြီး စမှာ ထက်စာရင် ကိုယ်နေ့စဉ် စားတဲ့ အ စားအစာထဲမှာ သခွားသီးကို ထည့်စား ပေးတာကနေ အရင် စလုပ်ကြ ည့်ပါ။ ဒီလို diet plan ကိုလုပ်ကြည့်မယ်ဆိုရင် တစ်နေ့ကို (1kg) နှုန်းနဲ့ (၇)ရက် ဆိုရင်(7kg )ကျမှာဖြစ်ပါတယ်။(1kg မှာဆိုရင် 2.2 ပေါင်ရှိပါတယ်)။ဗိုက်ဆာ တိုင်းသခွားသီးကိုပဲ စားပေးရမှာဆိုတော့ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ သခွားသီး Diet Plan ကတော့….
pohudenie
မနက်စာ အဖြစ် ကြက်ဥပြုတ်နှစ်လုံးနဲ့သခွားသီးသုပ်ကို စားပါ။သရေစာ အဖြစ် ကတော့  ပန်းသီးတစ်လုံးစားနိုင်ပါတယ်။နေ့လယ်စာကတော့ ပေါင်မုန့် အကြမ်း တစ်ချပ်နဲ့ သခွားသီးသုပ် တစ်ပန်းကို စားပါ။သခွားသုပ်ကို ပြင်ဆင် မယ်ဆို ရင်တော့ သခွားသီးကို လှီးပါ။ပြီးရင် ဆား၊ဒိန်ချဉ်(သို့)ရှာလကာရည်၊ကြက် သွန်နီတို့ကို ရောပြီး နယ်ပေးရမှာပါ။နေ့လယ်မှာ ဗိုက်ဆာလာရင်တော့ သခွား သီးဖျော်ရည်ကို သောက်လို့ရပါတယ်။ဒါမှမဟုတ်ရင်လည်း သခွားသီးကို ဒီအ တိုင်း စားလို့လည်း ရပါတယ်။အဓိကကတော့ သခွားသီးကိုပဲ စားရင် ရပါပြီ။ ညစာ အတွက်ကတော့ သခွားသီးကိုစားနိုင်ရင် ဆက်စားပါ။တကယ်လို့ မစားနို င်တော့ ဘူးဆိုရင်တော့ ကြိုက်နှစ်သက်ရာ အသီးတစ်မျိုးမျိုးကို သုံးဆောင်နိုင် ပါတယ်။ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံလုပ်မယ်ဆိုရင်တော့ ၀ိတ်ကျမှာ သေချာပါတယ်။ဒီနည်း အတိုင်း တစ်ပတ်လောက် စားပေးမယ်ဆိုရင်တော့ သိသိသာသာ ၀ိတ်ကျလာမှာပါ။

main-qimg-d2162d98dfbe3ad69ec135b8433a0b49-c
Ref;wakeuptop

Post a Comment

 
Top