0

လော့အိန်ဂျလိစ်ဧရိယာက အရက်ပုလင်းတွေရောင်းတဲ့ စတိုးဆိုင်ထဲကို ဒေါင်းမတစ်ကောင် ဝင်ရောက် သောင်းကျန်းတာကြောင့် ရှုပ်ယှက်ခတ်ကုန်ပါသတဲ့။ ဒေါင်းမဟာ ဖွင့်ထားတဲ့တံခါးကနေ Royal Oaks ယမကာပုလင်းစတိုးဆိုင်ထဲကို ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ထဲဝင်လာကာစတုန်းက ဆိုင်မန်နေဂျာ ရာနီဂါနန်ဟာ သတိမထားမိခဲ့ဘဲ ဖောက်သည်တစ်ယောက်က ဆိုင်ထဲမှာ ဒေါင်းတစ်ကောင် ရှိနေတယ်လို့ သတိပေးမှသိရတာဖြစ်ပါတယ်။ ဒေါင်းမကို ဆိုင်ပြင် ခြောက်ထုတ်ပေမယ့် ဒေါင်းဟာ ပြန်ခွပ်ဖို့ကြိုးစားခဲ့ပြီး ဆိုင်ထဲမှာ ဝုန်းဒိုင်းကြဲတော့တာ ဖြစ်ပါတယ်။

ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို ခေါ်လိုက်တော့မှ တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ပိုက်ကွန်တွေနဲ့ ရောက်လာတာဖြစ်ပါတယ်။ ငှက်ဟာ ဝိုင်ပုလင်းတွေပေါ်ကို ခုန်တက်ခဲ့ပြီး ပုလင်းတွေ ကွဲကုန်တယ်လို့ ဆိုင်မန်နေဂျာက ဆိုပါတယ်။ ဒေါင်းမ သောင်းကျန်းတာကြောင့် အရက်ပုလင်း ဒေါ်လာ ၅၀ဝ ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုင်ရှင်က ညည်းတွားပါတယ်။

Post a Comment

 
Top