0



တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဗင်နီဇွဲလားနဲ့ အင်္ဂလန်တို့ ဆုံတွေ့ခဲ့ပြီး အင်္ဂလန်အသင်းက အဲဗာတန် လူငယ်တိုက်စစ်မှူး ကယ်လ်ဗတ်လီဝင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံးအဖြစ် တတိယနေရာသာ ရရှိခဲ့ဖူးပြီး အခုနှစ်မှ ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်ခဲ့တဲ့အပြင် ချန်ပီယံဆုဖလားကိုပါ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
အခုပွဲမှာ အင်္ဂလန်အသင်းဂိုးသမား ဖရက်ဒီဝုဒ်မန်း အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗင်နီဇွဲလား တိုက်စစ်မှူး ကော်ဒိုဗာနဲ့ တစ်ဦးချင်း အတွေ့ အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို ပယ်နယ်တီ တစ်လုံးကိုလည်းပုတ်ထုတ် ကာကွယ်နိုင်ခဲ့တယ်။
အခု ချန်ပီယံဆုဖလားဟာ ၁၉၆၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ဗိုလ် စွဲခဲ့ပြီးနောက်ပိုင်း လူကြီး၊ လူငယ်ပြိုင်ပွဲတွေမှာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့ရတဲ့ အင်္ဂလန်ဘောလုံးလောကအတွက် (၅၁)နှစ်အကြာမှာ ပထမဆုံး ရခဲ့တဲ့ ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။

■ Photo: AFP

Post a Comment

 
Top