0

ရာသီမှာ ရာသီဥတုကအေးနေတာမို့ မိတ်ကပ်လိမ်းခြယ်ပြီး ပဲများလို့ကောင်းတဲ့အချိန်ဆိုရင်လည်း မမှားပါဘူးနော်။ စိုစွတ်တဲ့ ရာသီဥတုက လိမ်းခြယ်ထားတဲ့ မိတ်ကပ်အတွက် အကောင်းဆုံးအနေအထားကိုရစေတာကြောင့် အုံ့မှိုင်းနေတဲ့ရာသီမှာလည်းပဲ လန်းဆန်းလှပတဲ့အလှတရားကိုရစေပါတယ်။
ဒါ့အပြင် မိုးရာသီအတွင်းမှာ အသားအရေကခြောက်သွေ့လွန်းတာမျိုးမရှိတဲ့အတွက် အဆီများတဲ့ Cream တွေလိမ်းစရာမလိုဘဲ ရေဓာတ်ဖြည့်တဲ့ Cream လေးတွေကိုသုံးနိုင်ပါတယ်။
နွေရာသီလို ချွေးပြန်ပြီး မိတ်ကပ်တွေ ကွက်နိုင်တဲ့အနေအထားမရှိတဲ့အတွက် Liquid foundation ၊ Stick foundation ကို နှစ်သက်တဲ့အရောင်လိမ်းနိုင်ပါတယ်။ ကိုယ့်ရဲ့ အသားအရေ အနုအရင့်ပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ထားတဲ့ ဖောင်ဒေးရှင်းကို လိမ်းပါ။ အဲဒီအပေါ်ကနေ Loose powder (သို့မဟုတ်) Pressed Powder ကို ခပ်ပါးပါးလေး တင်လိုက်မယ်ဆိုရင် သဘာဝဆန်ဆန် လှပသွားပါလိမ့်မယ်။
မိုးရာသီနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်မှာတော့ လူငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက်ကတော့  Shimmery Shadows တွေထဲက ချစ်စရာအရောင်လေးတွေဖြစ်တဲ့ ဖက်ဖူးရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်လေးတွေနဲ့ပိုပြီး လှပနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေအတွက် အညိုရင့်ရောင်၊ အမည်းရောင်အပြင် နက်ပြာရောင်နဲ့ လှပနေပါလိမ့်မယ်။
အဲဒီပေါ်မှာ Liquid Eyeliner ကိုပါ တင်လိုက်ရင်တော့ ရွှန်းလဲ့တဲ့ မျက်ဝန်းလေးတွေ ဖြစ်သွားနိုင်ပါတယ်။ Gel Liner နဲ့ Waterproof Mascara လေးတွေကိုလည်း ရွေးနိုင်ပါတယ်။
နှုတ်ခမ်းနီအရောင်ကိုလည်း အရောင်တောက်တောက်စိုစိုလွင်လွင်လေးတွေ အသုံးပြုနိုင်တဲ့ ရာသီဥတုမျိုး ဖြစ်ပါတယ်။ Lip balm ၊ Stain Lipstick တွေကို သုံးစွဲသင့်ပါတယ်။ ဒါ့အပြင် နွေရာသီတုန်းက အသုံးပြုဖို့ ခက်ခဲခဲ့တဲ့ အနီရောင်၊ လိမ္မော်ရောင်စတဲ့ အရောင်တွေကို လှပစွာအသုံးပြုနိုင်ပါပြီ။
ဒီလို ပြင်ဆင်ပြီးပြီဆိုရင်တော့ အရောင်လွင်လွင်၊ အရောင်တောက်တောက် ဖက်ရှင်လေးတွေနဲ့ အပြင်ထွက်မယ်ဆိုရင်လည်း လန်းဆဲလန်းမြဲဖြစ်နေမှာပါ။


source: Akhayar

Post a Comment

 
Top