0

ဘိုကလေးမြို့နယ် ပျဉ်ဘိုးကြီးကျေးရွာအုပ်စု ကန်မလာချောင်းကျေးရွာမှာနေတဲ့ သစ်ခုတ်သမားတဦး မိကျောင်း အကို က်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၈ ရက်နေ့ ည ၁၁ နာရီလောက်က ၅၄ နှစ်အရွယ်ရှိ ဦးဌေးဝင်းဟာ တူမ နဲ့ အတူ မိန်းမလှကျွန်း သစ်တော်ကြိုးဝိုင်း အတွင်း လက်ခတ်လှေ နဲ့ ထင်းခုတ်ရန်အတွက် သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဦးဌးဝင်းတဦးတည်း မိန်းမလှကျွန်းအတွင်းမှာရှိတဲ့ ကြောင်ထောက်ဝဲချောင်းအတွင်းက ချောင်းကမ်းစပ်နားမှာ သစ်ပင်ခု တ်လှဲနေချိန်မှာ မိကျောင်းတစ်ကောင် ကိုက်ချီသွားကြောင်း ဘိုကလေးမြို့မ ရဲစခန်းကပြောပါတယ်။ ရွာသားတွေ လိုက် လံရှာဖွေရာမှာ ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခွဲချိန်မှာ ကြောင်ထောက်ဝဲချောင်း အတွင်း ရေလယ်မှာ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်။
သေဆုံးသူရဲ့ ယာဘက်ပေါင်မှာ အသားစတွေထွက်နေပြီး ပေါင်အရိုးကျိုးဒဏ်ရာ၊ ဝမ်းဗိုက်မှာ ကုတ်ခြစ်ဒဏ်ရာ ၃ ချက်ရရှိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဘိုကလေးမြို့နယ် အောက်ပိုင်းမှာ နှစ်စဉ် မိကျောင်း ကိုက်ခံရတာကြောင့် အသက်သေဆုံးသူ၊ ဒဏ်ရာရရှိသူတွေ ရှိနေကြောင်း သိရပါတယ်။
———————————

Post a Comment

 
Top