0
သီပေါမြို့နယ် စိန်ကျော့အုပ်စု ကုန်းညောင်ရွာမှ အသက် ၉ နှစ်အရွယ် ယိင်းလား ခေါ် နန်းဆိသည် ဂျွန်လ ၇ ရက်နေ့က ရွာတွင်းမင်္ဂလာဆောင်ပွဲသွားမည်ဟုဆိုကာ နေအိမ်မှထွက်ခွါပျောက်ဆုံးသွား ရာမှ သတ်ဖြတ်ခံရသည့် ရုပ်အလောင်းအား ၁၁ ရက် ညနေပိုင်းတွင်တွေ့ရှိကြောင်း ဓမ္မကျောင်းမှ ဆရာမက ပြောသည်။
“ကျမတို့ရွာထဲမှာမင်္ဂလာပွဲရှိတယ်။ မနက်စောစောကတည်းက ပွဲသွားမယ်ဆိုပြီးထွက်သွားတာ ညနေလည်း အိမ်ပြန် မရောက်ဘူး။ သူ့မိဘတွေက သူ့ကိုပွဲမှာဘဲရှိနေတယ်လို့ထင်နေကြတာ၊ လိုက်ရှာလဲမတွေ့ဘူး။ နောက် ရက်တွေမှာလဲ ရွာသားတွေကို ခေါ် လိုက်ရှာလဲမတွေ့ဘူး။


နောက်ဆုံးတော့ ရွာပြင်ဘက် (တောင်ပိုင်း ) လယ် တောနားမှာ အပုပ်နံ့ထွက်နေတာနဲ့ရွာသားတွေသွားကြည့်တော့ ခြုံပုပ်ကြားကသစ်ကိုင်းပေါ်မှာ ပုပ်ပွနေပြီ။ သတ်ပြီး ခြေတွေလက်တွေကိုကြိုးနဲ့ချည်ထားတာ။ ပုံစံက အဓမ္မပြုကျင့်ခံ ထားရပုံဘဲလို့ အားလုံး ပြောကြတယ်” – ဟု ဓမ္မကျောင်းဆရာမ နန်းလင်းကပြောသည်။
လက်ရှိတွင်ယိင်းလားအား သတ်ဖြတ်သည့်လက်သည်ကိုရွာသားများ၊ ဒေသခံ ဌာနပြည်သူ့စစ်များ၊ ရပ်မိရပ်ဖများက စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ဆိုပါသည်။
မုဒိန်းကျင့်သတ်ဖြတ်ခံရသည်ဟု ရွာသားများပြောဆိုနေကြသော်လည်းသျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။ အသက် ၉ နှစ်အရွယ် ယိင်းလားသည် သီပေါမြို့နယ် စိန်ကျော့အုပ်စု ကုန်းညောင်ရွာမှ လုံးစိုင်းတွမ် ပါ့မွမ်းတို့၏ သမီးဖြစ်သည်။ ဝပ်တိမွမ်းကျောင်းတိုက် ဓမ္မကျောင်းမှ ကျောင်းသူတဦးဖြစ်သည်။
Credit to Panglong.burmese

Post a Comment

 
Top