0
လေတပ်၏ အားထားရမည့် တိုက်လေယာဉ်အသစ် JF-17 blk.2


မြန်မာ့တပ်မတော် (လေ) မှာ ဝယ်ယူထားသော တိုက်လေယာဉ်အသစ် တမျိုးဖြစ်သည့် JF-17 ဘက်စုံသုံးတိုက်လေယာဉ်အား တရုပ်နိုင်ငံအတွင်း စမ်းသပ်မှုများပြုလုပ်နေသော ဓါတ်ပုံထွက်ပေါ်လာခဲ့ရာ လေတပ်စိတ်ဝင်စားသော ညီအစ်ကိုတို့အတွက်တော့ ရင်ခုန်စရာဖြစ်စေခဲ့တာ အမှန်ပါပဲ... 

အဆိုပါ JF-17 တိုက်လေယာဉ်များအား မကြာမီ မြန်မာ့လေတပ်သို့ လွှဲပြောင်းပေးနိုင်မည်ဟု ယူဆရပြီး JF-17 blk.II ဖြစ်သည်ဟုလည်း သုံးသပ်ထားကြပါသည်။ JF-17 တိုက်လေယာဉ်သည် တရုပ်-ပါကစ္စတန်ပူးတွဲထုတ် ဘက်စုံသုံးတိုက်လေယာဉ် ဖြစ်ပါသည်။ C-802 ကဲ့သို့သော သင်္ဘောဖျက်ဒုံးများအား တပ်ဆင်ထားနိုင်သဖြင့် ဒေသတွင်း ရေတပ်များအဖို့ သတိထားရမည့်လေယာဉ်တမျိုးလည်းဖြစ်ပါသည်...

၎င်းတိုက်လေယာဉ်သည် ယခင်ကဝယ်ယူထားသော MiG-29B/SE/SM နဲ့ Yak-130 ကဲ့သို့ပင် မိုးပြာရောင်သုတ်လိမ်းထားကာ မိမိတဦးတည်းယူဆချက်အရ လေတပ်သည် အဆိုပါအရောင်အား လေတပ်လက်ဆွဲအရောင်တစ်ခုအဖြစ် အသုံးပြုတော့မည်ဟု ယူဆမိပါသည်...

JF-17 တိုက်လေယာဉ်များ Yak-130 ခေတ်မီအမောင်းသင်လေယာဉ်များ ရဟတ်ယာဉ်အသစ်များ စသည်တို့သည် တပ်မတော်(လေ)၏ စစ်ဆင်ရေးစွမ်းရည်အား များစွာတိုးတက်လာစေမည့်အပြင် တချိန်တွင် ဝယ်ယူမည့် 4++ မျိုးဆက်တိုက်လေယာဉ်များအတွက်လည်း များစွာအထောက်အကူပြုပေးနိုင်တော့မည် ဖြစ်ကြောင်း လေတပ်အတွက် ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ရပါသည်...

JF 17 Thunder Block II ပျံသန်းမှုနဲ့ တိုက်ခိုက်မှု ဗွီဒီယိုဖိုင်




Credit:
Myanmar Defence Weapons
KoMM

Post a Comment

 
Top