0

ရန်သူ အဝိုင်းခံရလို့ ချောင်ပိတ်နေပေမဲ့ အသက်အသေခံပြီး ရန်သူတွေကိုပါ သေစေမယ့်နည်းလမ်းကို ရွေးချယ်ခဲ့သူ ဖိလစ်ပိုင်စစ်သားတစ်ဦးရဲ့ရဲစွမ်းသတ္တိဟာ ဖိလစ်ပိုင်ပြည်သူတွေကြား ချီးကျူးဂုဏ်ပြစရာ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကတည်းက ဖိလစ်ပိုင်နိုင်ငံ Marawi ဒေသမှာ သူပုန်တွေ ကြီးစိုးနေလို့ အသက် ၂၄ နှစ်အရွယ် တပ်သား Dhan Ryan Bayot နဲ့ နောက်ထပ် ရဲဘော် ရှစ်ဦးဟာ သွားရောက်နှိမ်နင်းခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့အထဲက တပ်သားငါးယောက်ဟာ လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရပါတယ်။
Fk8jc5mbswcxcdfu99vh
ကျန်တဲ့ နောက်ထပ်သုံးယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့သေးပေမဲ့ မကြာလိုက်ခင်မှာပဲ အဲဒီ သုံးယောက်ထဲက တစ်ယောက် သေ၊ နှစ်ယောက် ဒဏ်ရာရခဲ့ကြပြန်ပါတယ်။ အဲဒီအချိန်အထိ Dhan Ryan Bayot ကတော့ ရန်သူတွေကို တစ်ယောက်တည်း ခံတိုက်နေခဲ့ရင်းကနေ နောက်ဆုံး လွတ်မြောက်နိုင်မှာ မဟုတ်တော့မှန်း နားလည်လိုက်ချိန်မှာတော့ သေမယ့်နည်းလမ်းကိုသာ သူ ရွေးချယ်ခဲ့လိုက်ပါတယ်။ ဒါပေမဲ့ သူ ရွေးချယ်လိုက်တဲ့ သေမယ့်နည်းလမ်းကတော့ သူ့ကို ဝိုင်းထားတဲ့ ရန်သူတွေကိုပါ တစ်ခါတည်း သေအောင်လို့ တပ်မှူးကို သူ့တည်နေရာ ပြောပြပြီး ဗုံးကြဲချဖို့ လှမ်းပြီး အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။
Wpcgfuntlzzqzjpewfhz
"ကျွန်တော့်တည်နေရာကို ဗုံး ကြဲသာကြဲချလိုက်ပါဆရာ" Dhan Ryan Bayot ရဲ့ နောက်ဆုံးစကားသံ ဖြစ်ပါတယ်။ Dhan Ryan Bayot နဲ့ ကျဆုံးစစ်သည် နောက်ထပ် ခြောက်ဦးရဲ့ ရုပ်အလောင်းတွေဟာ သူတို့ကျဆုံးပြီး လေးရက်အကြာ ဖြစ်တဲ့ မေ ၂၈ ရက်မှာ ပြန်လည်သယ်ဆောင်ခံကြရပြီး Dhan Ryan Bayot ရဲ့ဖခင် Sgt. Larry Bayot က "ကျွန်တော့်သား မျက်နှာကတော့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တယ်" လို့ ဝမ်းနည်းရင်း ပြောဆိုပါတယ်။ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ Dhan Ryan Bayot အတွက် ကျဆုံးပြီးမှ ချီးမြှင့်ခံရတဲ့ဆုတံဆိပ်ကို Dhan Ryan Bayot ရဲ့ ဖခင်ဆီ ပေးအပ်ခဲ့ပြီး ငွေသားထောက်ပံ့မှုအပြင် မိသားစုအတွင်း ကျန်ရစ်တဲ့ကလေးတွေရဲ့ ကျောင်းပညာရေး ပံ့ပိုးပေးမယ်လို့လည်း ကတိပြုခဲ့တယ်လို့ သိရပါတယ်။
Ref: Viral4real.com
Bmk08wlgiuyk6ogdkzl2

Post a Comment

 
Top