0

ပြီးခဲ့တဲ့ အပတ်က လန်ဒန် တံတားပေါ်က တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေ သုံးခဲ့တဲ့ ထူးထူးခြားခြား ပန်းရောင်ဓားတွေရဲ့ပုံတွေကို ဗြိတိန်ရဲက ထုတ်လွှင့်ခဲ့ပါတယ်။
လန်ဒန် မက်ထရိုပိုလီတန် ရဲဌာနက တံတားပေါ်မှာ အသေပစ်ဖမ်းဆီးခံရတဲ့ အကြမ်းဖက်သမား ၃ ဦးရဲ့ ကိုယ်ပေါ်နဲ့ သူတို့ရဲ့ အနားက ရှာဖွေတွေ့ရှိခဲ့တဲ့ ဓားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဓားတွေဟာ သတ္တုနဲ့ လုပ်ထားတာမဟုတ်ဘဲ အုတ်လို မီးဖုတ်ထားတဲ့ အင်္ဂတေသားနဲ့ လုပ်ထားတာ ဖြစ်ပြီး ၁၂ လက်မအရှည်ရှိတယ်လို့ သိရပါတယ်။ 

“ဒီဓားတွေက ပုံမှန်မဟုတ်ဘူးဆိုတော့ အရင်က တယောက်ယောက် ဒီလိုဓားမျိုး အသုံးပြုတာကို မြင်ဖူးတဲ့သူတွေရှိရင် ရဲကိုအကြောင်းကြားပေးဖို့ ပန်ကြားချင်ပါတယ်” လို့ မက်ထရိုပိုလီတန် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဌာနရဲ့ ဦးဆောင်အရာရှိက ပြောပါတယ်။
ပြီးခဲတဲ့အပတ်က လန်ဒန်တံတားပေါ်မှာ အစ္စလာမ်မစ် စစ်သွေးကြွ ၃ ဦးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

Post a Comment

 
Top