0
 
ဖတ်ကြည့်ဗျာ.... သံဝေဂရစရာကောင်းတယ်....
ဝမ်းနည်းရာကောင်းတယ်....

မြန်မာပြည်မှာ ဗုဒ္ဓဆိုတဲ့ စာလုံးကို ကြောက်နေကြပြီ...တဲ့

ဓမ္မ၀ံသာနုရက္ခိတအဖွဲ့အတွင်းရေးမှူးနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ
ဦးစိုးထွန်းရှိန်နှင့် အင်တာဗျူး
----- ----- ----- ----- -----
မကြာသေးမီရက်များက အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး မဘသကို ၀န်းရံခဲ့သော ၀ံသာနုရက္ခိတအဖွဲ့ကိုလည်း ဓမ္မဆိုသော စကားလုံးဖြင့် ထပ်မံဖြည့်စွက်၍ အမည်ပြောင်းလဲခဲ့သည့် မဘသကို ဆက်လက်ဝန်းရံမည်ဟု ထုတ်ဖော်အသိပေးထားသည်။ ထိုသို့ ပြောကြားခြင်းများ ပြုလုပ်ပြီးနောက် ထိုအကြောင်းအရာမှာ အများ စိတ်ဝင်စားစရာတခု ဖြစ်လာပြန်သည်။ စိတ်ဝင်စားရသည့်အကြောင်းများတွင် အဆိုပါအဖွဲ့၏ အတွင်းရေးမှူး ဦးစိုးထွန်းရှိန်၏ ပရဟိတလုပ်ငန်း ပြောင်းလဲလုပ်ကိုင်မှုသည်လည်း တခုအပါအ၀င် ဖြစ်သည်။ ဦးစိုးထွန်းရှိန်သည် အမျိုးသားကြီးပွားတိုး တက်ရေးကုမ္ပဏီဥက္ကဋ္ဌဖြစ်ပြီး ယခင်က စီးပွားရေးလုပ်ငန်းကိုသာ ဦးစား ပေးလုပ်ဆောင်ခဲ့ရာမှ ပရဟိတဘက် ပြောင်းလဲလာခြင်းအား News Watch မှ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

မေး- ဒီအဖွဲ့အစည်းက ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်အထိ လိုအပ်လဲ။ ဘယ်လောက်အထိ အရေး ပါလာမလဲ။

ဖြေ- ဘယ်လောက်ထိ လိုအပ်လဲဆိုရင် ပြီးခဲ့တဲ့ မေ ၂၀ ကနေပြီး စတင်ကျင်းပတဲ့ ၂၁၊ ၂၂ ဟိုပုံး ဘက ညီလာခံကြီးကို ကျွန်တော်တို့သွားပြီး တက်ရောက်ခဲ့တယ်။ လေ့လာခဲ့တယ်ဆိုတော့ ဘက ကျောင်း တော်တွေမှာ မြန်မာပြည်တပြည်လုံး ဘုန်းတော်ကြီးတွေ၊ သီလရှင်ဆရာကြီးတွေ ဦးဆောင်ပြီး စာသင် ပေးနေတဲ့ ကျောင်းပေါင်း ၁၅၀၀ လောက်ရှိတယ်။ အဲဒီကျောင်းတွေထဲကမှ သူတို့အားလုံးသည် ပရဟိတ လုပ်နေကြတာ၊ သူတို့ရဲ့ အကျိုးစီးပွားမဟုတ်ဘဲနဲ့ ကလေးတွေရဲ့ ပညာရေးမတတ်နိုင်တဲ့ မိဘတွေအတွက် တချို့ဆိုလည်း မိဘတွေမရှိလို့ပေါ့။ အဲဒီလိုမျိုး ကူညီပြီးတော့ ပရဟိတလုပ်ပေးနေတဲ့ ဆရာတော်တွေ၊ သီလရှင်တွေ သူတို့ကိုယ်တိုင်က အဲဒီညီလာခံကြီးမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက တင်ပြ တောင်းဆို လာတဲ့အချက်တွေမှာ ဘာသွားတွေ့လဲဆိုတော့ လိုအပ်ချက်တွေကြီးပဲ။ တချို့က စားရေး သောက်ရေး မပြေလည်ဘူး။ တချို့က ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမ ငှားတဲ့အခါမှာ လစာမပေးနိုင်ဘူး။ အချို့က သင်ကြားနေထိုင်မှုအတွက် အဆောက်အဦတွေမရှိဘူး။ အခက်ခဲတွေပဲတွေ့တာ ကျွန်တော်တို့ ဓမ္မ၀ံသာနုရက္ခိတအဖွဲ့ကြီးအနေနဲ့ လိုအပ်ချက်ရှိတာတွေကို သိရပြီ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က လူစုပြီး ဒေသတွေမှာရှိတဲ့လူတွေစုပြီး လစဉ်လစဉ် မိမိတို့ရရှိတဲ့ ချွေးနှဲစာလေးထဲကနေပြီး ကျပ် ၁၀၀၀ ပေါ့လေ။ စုထည့်ပြီး လိုအပ်တဲ့ပစ္စည်းလေးပါး စာအုပ်စာတမ်းထောက်ပံ့ဖို့ ဆောင်ရွက်မယ်။ ဒါဆိုရင် ကျွန် တော်တို့ တဖက်ကလည်း ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေက သင်ကြားပေးတာဖြစ်တဲ့အတွက် သူတို့လိုတဲ့ ပစ္စည်းလေးပါးထောက်ပံ့လို့ရှိရင် ပြည့်စုံမှုရှိလာမှာဖြစ်သလို တဖက်ကလည်း ကလေးတွေရဲ့ ယဉ်ကျေးလိမ္မာ တသံသရာလုံးလည်း သုံးနိုင်မယ်။ အသိပညာရအောင်ပေါ့။ ဗုဒ္ဓဓမ္မရဲ့ ယဉ်ကျေးစေနိုင်တဲ့ သင်ရိုးညွှန်းတမ်းလေးတွေ ရေးဆွဲလှူဒါန်းပြီး သင်ကြားနိုင်ပြီး ကုသိုလ်ပြုနိုင်ရင် ဒါဆိုလို့ရှိရင် နှစ်ဖက်ပေါ့။ လတ်တလောစားဝတ်နေရေးအတွက် အဆင်ပြေပြည့်စုံသွားမှာဖြစ်သလို တသံသရာလုံး အသုံးချနိုင်မယ့် ဓမ္မအသိလေးတွေလည်း ရသွားမယ်ဆို နောက် ၁၀ နှစ်၊ ၁၅ နှစ် သူတို့တွေ လူကြီးတွေ ဖြစ်လာမယ့်အချိန် ဒီအသိတွေနဲ့ တိုင်းပြည်ကို ဦးဆောင်သွားကြမယ်ဆို တိုင်းပြည်က ပိုပြီးအေးချမ်းမယ်၊ သာယာမယ်၊ ဒီလိုဖြစ်မယ်ပေါ့။

မေး- ဟိုနေ့ကပြောခဲ့တဲ့အထဲမှာ ဘကညီလာခံကို သွားတုန်းက ဘကကျောင်းတွေကို လောကနီတိ သင်ပေးတယ်။ အဲဒါ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေလို့လဲ။ ဗုဒ္ဓဆိုတဲ့စာကိုတောင် ထည့်ဖို့ကြောက်နေတယ်လို့ အန်ကယ်ပြောခဲ့လို့လေ။

ဖြေ- ဟုတ်ပါတယ်၊ အဲဒါလေး ပြောခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တွေ့ အဲဒါကိုဦးဆောင်ပြီးတော့ နောင်း ထောင်းဆရာတော်ကြီးကျောင်းမှာပေါ့ သွားဆွေးနွေးတော့ ဆရာတော်ကြီးက ဘာရှင်းပြလဲဆိုတော့ ဘကကျောင်းတွေမှာ လောကနီတိဆိုပြီးတော့ စာပေသင်ကြားဖို့အတွက် မ, တည်လှူဒါန်းတယ်ဆိုပြီးတော့ စတင်ခဲ့တာက ငြိမ်းချမ်းရေးစင်တာပေါ့။ ဗိုလ်ချုပ်အောင်မင်းတို့ပေါ့လေ။ အဲဒီကနေ ၂၀၁၃ လောက်မှာ စပြီး ဒါတွေသင်ကြားမယ်ဆိုရင် သူတို့ဘက်က ထောက်ပံ့မှုလုပ်မယ် ကူညီခဲ့တယ်။ အဲဒီမှာလည်း စာအုပ်လေးတွေရဲ့အောက်မှာ လှူဒါန်းသူတွေရဲ့နာမည် လေးတွေပါတယ်။ ပါတော့ Peace Center ငြိမ်းချမ်း ရေးဘက်ကနေပြီးတော့ လှူဒါန်းတဲ့ အလှူငွေထဲက ထောက်ပံ့တယ်လို့ သိရတယ်။ အဲဒီမှာ ဆရာတော်ကြီး ပြောတာကို လေ့လာတော့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းဆိုပြီးတော့ အတန်းလိုက် လောကနီတိစာအုပ်လေးတွေ တွေ့ရတယ်။ တော်တော်ပဲ ပုံတွေနဲ့တကွ စာအုပ်စာပေစာ သားစာရွက်သားကစပြီး တော်တော်လေး ကောင်းကောင်းမွန်မွန် ရိုက်ပေးထားပါတယ်။ အဲဒီမှာ သတိထားမိ လိုက်တာက စတုတ္ထတန်းမှစပြီး ခရစ်ယာန်ရဲ့ အယူဝါဒဆိုရင် ဘာတွေဖြစ်ပါတယ်။ အစ္စလာမ်ရဲ့ အယူဝါဒဟာ ဘာတွေဖြစ်ပါတယ်။ သူ့ခေါင်းစဉ်အလိုက် ဖော်ပြတာလေးတွေ တွေ့ရတယ်။ အဲဒီတော့ ကျွန်တော်က နောင်းထောင်းဆရာတော်ကြီးကို လျှောက်ခဲ့ပါတယ်။ အရှင်ဘုရား တပည့်တော်နားလည်သဘောပေါက်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အရှင်ဘုရားတို့ နိစ္စဓူဝရင်ဆိုင်နေရတဲ့ ဒီကလေးတွေရဲ့ ကျွေးရေးမွေးရေးကိစ္စ ဒီနေ့ညဆန်မရှိတော့ရင် မနက်ဖြန်အတွက် ဒီကလေးတွေအတွက် ကျွေးဖို့ ဒီနေ့ည အိပ်မပျော်တော့ဘူး။ ပရဟိတဆရာတော်တွေမှာ အဲဒီလောက်ထိ အခက်အခဲရှိတယ်၊ တချို့ကလေး ၄၊ ၅၊ ၆ ရာ တထောင်ရှိကြတော့ တနေ့ဆန် ၂ အိတ်လောက်ချက် ရမယ့်နေရာမှာ ဒီနေ့ည ဆန်မရှိဘူးဆို မနက်ဖြန် အတွက် သူဘယ်လိုစဉ်းစားရမယ်မသိဘူး။ အိပ်မပျော်ဘူး။ အဲဒီတွက်ကြောင့် မိမိရဲ့သားသမီးအရင်းသဖွယ် ပရဟိတလုပ်နေတာကြောင့် ဒီကလေးတွေရဲ့ ကျွေးမွေးကိစ္စတွေ ဒီလောက်စိတ်ပူနေရတာဖြစ်တဲ့အတွက် ဘေးက ကိုယ်မကျွေးနိုင်တဲ့အချိန်မှာ လာကျွေးပေးမယ်ဆို ကျွေးတဲ့ထမင်းတွေ၊ ဟင်းတွေထဲမှာ မှိုပဲတက်တက် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာပါလာရင်တောင်မှ မျက်စိမှိတ်ပြီး လက်ခံလိုက်ရတဲ့သဘော ဖြစ်နေတာ ကို နားလည်ပါတယ်။ ဒါကြောင့် စောစောကပြောခဲ့တဲ့ သာသနာကို ကြည်ညိုဆည်းကပ်တဲ့ ဒကာ၊ ဒကာမတွေ ဘုန်းတော်ကြီးသင်ကျောင်းလို သီလရှင်ကျောင်းတွေ ဘာသာရေးရဲ့ ဦးဆောင်ဦးရွက် လုပ်နေကြတာတောင်မှ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက အိပ်ပျော်နေကြတာပေါ့။ မေ့နေကြတာဆိုတော့ ဒီကျောင်းတွေကို ပြည့်စုံအောင် မစောင့်ရှောက်နိုင်တဲ့အခါကျတော့ တခြားနိုင်ငံကနေပြီး ငြိမ်းချမ်းရေးအထောက်အကူပြုအနေနဲ့ ၀င်လာတဲ့ ပိုက်ဆံထောက်ပံ့တဲ့ငွေကြေး သူတို့ဘက်ကကြည့်ရင်လည်း မျှတပါတယ်။ ဘယ်လိုမျှတလဲဆိုတော့ သူတို့ယုံကြည်တဲ့ အယူဝါဒကို သူတို့လည်းဖော်ပြချင်တယ်။ သူတို့ရဲ့ ရန်ပုံငွေနဲ့ ထောက်ပံ့တာကိုးမျှတတယ်။ အဲဒီတော့ ကျွန်တော်တို့ မထောက်ပံ့နိုင်လို့ ကိုယ့်သားသမီးကို သူများကလည်း လာကျွေးတဲ့အခါမှာ မလိုလား အပ်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေ ပါလာတာကိုလည်း ကျွန်တော်တို့က မျက်စိမှိတ်ပြီး နေခဲ့ရသလိုပါပဲ။ အခုလည်း အဲလိုဖြစ်တာပါ။ ဒါကြောင့်မို့လို့ ဓမ္မ၀ံသာနုအနေနဲ့ မိမိသားသမီးတွေ မိမိထမင်းကျွေးနိုင်အောင် မိမိတိုင်းပြည်ထဲမှာ မိဘက မပြည့်စုံလို့ မိဘမရှိလို့ ဆရာတော်ကြီးတွေ သီလရှင် ဆရာကြီးတွေ ဦးဆောင်ပြီးလုပ်နေတဲ့ ကျောင်းတွေကို ကျွန်တော်တို့က အဓိကဒေသတွေမှာရှိတဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အနိမ့်ဆုံး ကျပ်တထောင် ၁ လမှ တထောင် ဆိုတာကတော့ သူသူငါငါ သဒ္ဓါတရားရှိရင် လှူဒါန်း နိုင်ကြပါတယ်။ ဒါလေးက တဆင့် လှူဒါန်းသွားမယ်။ ဒီထက်မက တထောင်ကနေ ၁၅၀၀၊ ၂၀၀၀ လှူချင် သူရှိမယ်။ စုပြီး လှူသွားမယ်ဆိုရင် ဘုန်းကြီးကျောင်း ၁၅၀၀ အတွက် မပင်မပန်းဖြစ်သွားမှာမို့ ဒီဘက်က အလှူရှင်တွေရှာပြီးတော့ ဗုဒ္ဓဓမ္မယဉ်ကျေးမှု၊ စာပေရိုက်သွားနိုင်အောင် ကြိုးစားမယ်။ ဘယ်လောက်ထိအောင် ကြားသိခဲ့ရလဲဆိုရင် သူတို့က ဗုဒ္ဓယဉ်ကျေးမှု စာပေတွေ သင်ရိုးညွှန်းတမ်းလုပ်ပြီး ဓမ္မ၀ံသာနုရက္ခိတအဖွဲ့က လှူဒါန်းပါမယ်ဆိုတော့ သူတို့ကရှေ့က ဗုဒ္ဓဓမ္မယဉ်ကျေးမှုဆိုတဲ့နေရာမှာ ဗုဒ္ဓပါလာရင် အခက်အခဲရှိတယ်။ လတ်တလောဖြစ်နေတဲ့ အခြေအနေ ဘာကြောင့် အခက်အခဲရှိလဲဆိုတော့ အရင်ထောက်ပံ့နေတာက ဗုဒ္ဓ ဘာသာဝင်တွေက ထောက်ပံ့တာ မဟုတ်ဘူးလေ။ အခြားသော ဘာသာဝင်တွေက ထောက်ပံ့ထားတာဖြစ်လို့ ဒီကျောင်းတွေမှာ စောစောကပြောတဲ့ ဗုဒ္ဓဓမ္မယဉ်ကျေးမှု ဗုဒ္ဓခေါင်းစဉ်တပ်တဲ့ စာအုပ်သင် ရိုးညွှန်းတမ်းသင် မယ်ဆိုရင် ကျွန်တော်တို့က အင်္ဂလိပ်စကားတခုရှိတယ်လေ No Money No talk. ပိုက်ဆံ မရှိရင် စကားမပြောပါနဲ့ဆိုတဲ့ စကားလိုပဲ ကိုယ်ကိုယ်တိုင်က ဒီကျောင်းတွေကို ပစ္စည်းလေးပါးလုံလောက်အောင် မကျွေးမွေးနိုင်ဘဲနဲ့ လေနဲ့လာပြီးတော့ ကျွန်တော်တို့ဗုဒ္ဓဓမ္မစာပေကို သင်ပေးပါ ပစ္စည်းလေးပါး ထောက်ပံ့ပါမယ်ပြောရုံနဲ့ ဆရာတော်တွေကလည်း အဲလိုပြောပြောပြီး ပြန်သွားတဲ့ လူတွေက များနေပြီ။ သူတို့မှာလည်း ဒီနေ့ ဆန်မရှိရင် ဒီနေ့ညအိပ်မပျော်တဲ့ အခြေအနေ သူတို့မှာ ကိုယ်တွေ့ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့က ဒါတွေကိုနားလည်ပေးပြီး တပည့်တော်တို့ပါးစပ်နဲ့ ပြောနေရုံထက် အလုပ်နဲ့သက်သေပြ ပါမယ်ဆိုပြီး မဘသညီလာခံပြီးရင် ဒါတွေကို တစိုက်မတ်မတ် ဓမ္မ၀ံသာနုရက္ခိတအဖွဲ့က ဆောင်ရွက်ပါမယ် ပြောခဲ့ရတာပေါ့လေ။

မေး- မဘသညီလာခံမှာ အန်ကယ်ပြောခဲ့တာက ကျွန်တော်တို့နိုင်ငံနဲ့ အရှိတရားကို ပြောရမယ်ဆိုရင် မညီညွတ်ကြဘူး။ ဒီဓမ္မ၀ံသာနုရက္ခတအဖွဲ့ ပေါ်ပေါက်တာ မကြာသေးဘူး။ ဝေဖန်သံတွေ ညံနေတယ် ဒီအပေါ်မှာ သုံးသပ်ပေးပါ။

ဖြေ- မဘသညီလာခံမှာ ကျွန်တော်ပြောခဲ့တဲ့အထဲမှာ ဆရာတော်တပါး မိန့်ကြားသွားသလို အရှေ့အာရှပေါ့။ အရှေ့ခြမ်းကို နယ်ချဲ့တွေလာတဲ့အချိန်တုန်းက နယ်ချဲ့စစ်သူကြီးရဲ့ အမေက သူ့သားအတွက် စိတ်မချဘူး။ စစ်သူကြီးက သူ့အမေကို စာပြန်ပို့တယ်။ မပူပါနဲ့ ဒီဘက်ခြမ်းမှာ စစ်ခင်းနေရတာလူတွေက မညီညွတ်တဲ့အတွက်ကြောင့်မို့ သွေးခွဲရတာအရမ်းလွယ်တယ်။ အင်အားမကုန်ဘူး။ တိုက်ရတာလွယ်ပါတယ်။ ဒါကြောင့် အမေစိတ်မပူပါနဲ့ လွယ်လွယ်ကူကူပဲ သိမ်းနိုင်သွားမှာပါ။ ပြောသလို ဆရာတော်ကြီးတွေ မိန့်ခဲ့တဲ့ ဗဟုသုတအတွေ့အကြုံရှင်းပြတာကို ကျွန်တော်က ဒါလေးကို Highlight လုပ်ပြီး ကျွန်တော်တို့တိုင်းပြည်ဟာ မညီညွတ်တာဖြစ်တယ်ဆိုရင် ညီညွတ်အောင် နည်းလမ်းရှာမယ်။ ဘုရားဟောထဲမှာလည်း အားလုံးပါပြီးသား ညီညွတ်ချင်ရင် လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ညီညွတ်အောင်လုပ်သွားမယ်ဆိုရင် ညီညွတ်ကြမယ်။ ဘာရောဂါရှိတယ်ဆိုတာ သိပြီ။ ကုဖို့အတွက် ဆေးရှာလို့ရတာပေါ့၊ ကျွန်တော်တို့လူမျိုးတွေဟာ မညီညွတ်တတ်ဘူးဆိုတဲ့ ဒီရောဂါကိုသိရင် အေးဒါဆို ဒို့ညီညွတ်ကြရအောင်ကွာ ဘယ်လိုလုပ်မလဲ။ နည်းလမ်းဘယ်လိုရှာမလဲ။ အပြန်အလှန်လေးစားမှုတွေ အပြန်အလှန်ကူညီရိုင်းပင်းမှုတွေ ဒီလိုမျိုး မေတ္တာ တရားတွေနဲ့ဆောင်ရွက်ကြရင် ဖြည်းဖြည်းချင်း မညီညွတ်တဲ့ဘ၀ကနေ ညီညွတ်တဲ့ဘ၀ကို ရောက်မယ်။ လုပ်သွားတဲ့ တိုင်းပြည်တွေရဲ့ သာဓကတွေယူပြီး မညီညွတ်တာတွေ ညီညွတ်အောင် လုပ်တဲ့ ဂျာမနီနိုင်ငံအားလုံး သိတဲ့အတိုင်း တံတိုင်းကြီးဖြိုချခဲ့ပြီး ပေါင်းလိုက်ကြတယ်။ ဒီနည်းတွေယူပြီး လုပ်သွား ရမယ်ဆိုရင် ညီညွတ်မယ်မြင်တယ်။ အဲဒီတော့ စလုပ်ဖို့ပဲလိုတာ နှစ် ၁၀၀ လိုအပ်မယ်ဆိုရင် ဒီနေ့စလုပ်ရင် နောင် ၂၁၁၇ ခုနှစ်ဆိုရင် ကျွန်တော်တို့တိုင်းပြည် ညီညွတ်သွားမှာပဲ။ ဒီနေ့ကစပြီး မလုပ်သေးဘူးဆိုရင် နောင်နှစ် ၁၀၀ မှာလည်း ညီညွတ်မှုကိုရမှာမဟုတ်သေးဘူး။ အဲဒီတော့ လမ်းကြောင်းရှာ စလုပ်၊ ကျွန်တော်တို့ တသက်မမီလည်း ကိစ္စမရှိဘူး။ ကျွန်တော်တို့သမိုင်းမှာ တာဝန်ကျေခဲ့တယ်။

မေး- အန်ကယ်အနေနဲ့ စီးပွားရေးသမားကနေပြီးတော့ ဒီအမျိုးဘာသာ သာသနာကိစ္စရပ်တွေမှာ ဘယ်လိုကြောင့် ၀င်ရောက်ဆောင်ရွက်ဖြစ်သွားတာလဲ။ ပုဂ္ဂလိကခံယူချက်နဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။

ဖြေ- ကျွန်တော်တို့ မြန်မာပြည်မှာ သာသနာထွန်းကားတယ်။ နှစ်ပေါင်းထောင်ချီ သာသနာထွန်းကားခဲ့တယ်။ ခုလည်း ထွန်းကားနေဆဲပဲ။ အခြားတိုင်းပြည်တွေမှာ ဗုဒ္ဓသာသနာထွန်းကားခဲ့တယ်။ နှစ် ၁၀၀၀ လောက် ထွန်းကားခဲ့တဲ့ အာဖဂန်နစ္စတန်တို့၊ အင်ဒိုနီးရှားတို့ ဒီလိုမျိုးတွေ နှစ်ပေါင်းတထောင်ကျော်သာ သနာထွန်းကားခဲ့ပေမဲ့ ဒီနေ့ခါမှာ သာသနာမထွန်းကားတော့ဘူး။ အဲဒီနိုင်ငံတွေကို ပြန်လေ့လာတော့ အာဖဂန်ဆိုရင်လည်း ခုစစ်တွေဖြစ်နေကြပြီ။ အင်ဒိုနီးရှားဆို လူဦးရေကမ္ဘာမှာ လူဦးရေအများဆုံး ၁၀ နိုင်ငံထဲမှာပါတယ်။ သန်း ၃၀၀ ကျော်တယ်။ လေ့လာတော့ သူ့မှာ အခက်အခဲတွေအများကြီး။ အဲဒီအတွက် ကျွန်တော်က ကျွန်တော်ယုံကြည်တဲ့ ဗုဒ္ဓဘာသာတရားအပေါ်မှာ လူ့အခွင့်အရေးအရပဲပြောပြော၊ မိရိုးဖလာ ယဉ်ကျေးမှုအရပဲပြောပြော နှစ်ပေါင်းတထောင်ကျော် ဗုဒ္ဓသာသနာရဲ့ အသိလေးတွေနဲ့နေထိုင်လာခဲ့ကြတာ နောင်လည်း ဒီအသိလေးတွေရှိပြီး နေထိုင်နိုင်စေချင်တယ်။ ဒီလိုမျိုး ဗုဒ္ဓဘာသာ နှစ်တထောင်ကျော် နေ ထိုင်ပြီးတဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာကို နေထိုင်ခွင့်၊ ကိုးကွယ်ဆည်းပူးခွင့်မရတော့တဲ့ အခြေအနေလေးတွေ တွေ့ရတယ်။ မြန်မာပြည်ကိုလည်း အဲဒီလိုဖြစ်မှာ စိုးရိမ်လို့ မဖြစ်စေချင်ဘူး။ ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓရဲ့အသိကို အဆုံးအမရတဲ့အချိန် ကျွန်တော် စိတ်ထားတတ်သွားတယ်။ စိတ်လည်း တော်တော်ချမ်းသာသွားတယ်။ အဲတော့ ကျွန်တော်တို့ ဒီနိုင်ငံမှာ နေထိုင်မယ့်မျိုးဆက်တွေကို သာသနာနှစ် ၅၀၀၀ မက တည်ဦးမယ်ပြောတော့ ခုသာသနာနှစ် ၂၅၆၁ ခုဆို တော့ နောက်ထပ်သာသနာနှစ် ၂၅၀၀ နီးနီး ကျန်သေးတာပေါ့။ အဲဒီကျန် သလောက်ကို ရှိမယ်၊ ရှိသင့်တယ်။ ဒီချိန်မှာ ကမ္ဘာကြီးကပြောတဲ့ လူ့အခွင့်အရေး အပြည့်အ၀ယူကြပါ။ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတွေထဲမှာ ဗုဒ္ဓဘာသာတွေ အများစုနေထိုင်သလို ခရစ်ယာန်၊ အစ္စလာမ်နေတယ်၊ အခြားသော နတ်ကိုးကွယ်တာတွေနေတယ်။ နေကြပါ။ လွတ်လပ်စွာ လူ့အခွင့်အရေးနဲ့ နေကြပါ။ သို့သော်ငြားလည်း ကျွန်တော်တို့ရဲ့ အများစုနေထိုင်တယ်။ နောက်လည်း နေထိုင်ခွင့်ရအောင်တော့ ကြိုးစားမယ်။ ဘယ်လိုကြိုးစားမလဲ စောစောကပြောတဲ့ အသိတရားနဲ့ပေါ့။ မြန်မာနိုင်ငံသားတွေအားလုံးကို ဒီအသိတရားကို ဖြန့်ဝေပေးနိုင်မယ်ဆို အားလုံးဟာ အေးအေးချမ်းချမ်းနဲ့ နေနိုင်မယ်ပေါ့လေ။ ဒီလိုမျိုးရည်ရွယ်တာပေါ့။

မေး- လက်ရှိခေတ် အခြေအနေမှာ အန်ကယ်တို့ ဒီအမျိုးဘာသာ သာသနာပရဟိတလုပ်တဲ့အလုပ်က ဘယ်လောက်အရေးကြီးလဲ သုံးသပ်ပေးပါ။

ဖြေ- ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့နိုင်ငံဖြစ်တယ်။ အခုစစ်ပွဲတွေကလည်း ငြိမ်းချမ်းရေးညှိနေသော်ငြားလည်း မကြာမကြာတိုက်ပွဲလေးတွေဖြစ်ကြတယ်။ ဖြစ်တိုင်း ဒုက္ခသည်ပေါ်လာတယ်။ ပြီးရင် ကျွန်တော်တို့က ဆင်းရဲတဲ့အခါကြတော့ သဘာဝဘေးအနည်းငယ်ပေါ်လာတာနဲ့အမျှ လုံခြုံတဲ့ အဆောက်အဦလမ်းပန်း ဆက်သွယ်မှုတွေမရှိတဲ့အတွက် သဘာဝဘေးလည်းခံရတယ်။ အဲလိုဖြစ်တိုင်း ဒုက္ခသည်တွေက ပေါ်ပေါက်လာတယ်။ အဲတော့ ကူညီစောင့်ရှောက်မယ့်ဘက်ကတော့ ဘယ်လောက်အင်အားများလဲတော့ မသိဘူး။ ဒုက္ခသည်ကတော့ အမြဲတမ်းပေါ်နေတာ အဲဒီအတွက် လတ်တလောတိုင်းပြည်ရဲ့ အခြေအနေအရ အရှိတရားပဲ။ မငြိမ်းချမ်းသေးဘူးဆိုတာလည်း အရှိတရားပဲ။ ဒုက္ခသည်တွေပေါ်ပေါက်နေတဲ့အတွက် ကူညီမယ့်သူတွေ များများနိုးကြားလာပြီး ဒုက္ခရောက်နေတဲ့လူတွေကို ကူညီနိုင်တဲ့သူ တကျပ်ပဲ ကူညီနိုင်ပါစေ၊ ကူညီမယ်ဆိုတဲ့ဟာလေးတွေလိုလာပြီ မြင်တယ်။ အခု ဒီမိုကရေစီနိုင်ငံကို သွားနေတော့ ငါးနှစ်တကြိမ် အစိုးရက ပြည်သူက ရွေးချယ်လိုက် ပြည်သူ့အစိုးရ ဖြစ်လာလိုက်၊ ငါးနှစ်တကြိမ် အစိုးရက တက်လာနေ ဦးမှာပဲ၊ ပြီးခဲ့တဲ့ အစိုးရတွေကနေ ဒီနေ့အချိန်ထိ ကျွန်တော်တို့ တိုင်းပြည်မချမ်းသာဘူး၊ ငြင်းလို့မရဘူး။ တချိန်တုန်းက ရန်ကုန်ဆေးရုံကြီးမှာရေးတဲ့ ဆောင်ပုဒ်လေး စရိတ်မျှပေးကျန်းမာရေးဆိုပြီး ရေးခဲ့ကြတယ်။ ကျွန်တော်တို့ကလည်း ဒုက္ခရောက်နေတဲ့သူတွေ သက် သာအောင်တတ်နိုင်တဲ့သူတွေက မျှဝေစုဆောင်းပြီး တချို့က အချိန်ပေးနိုင်တယ်။ တချို့က လုပ်အားစိုက်နိုင်တယ်။ တချို့က ငွေကြေးထည့်နိုင်တယ်။ ဒီလိုမျိုး ပေါင်းစပ်ပြီးတော့ ချိန်းတခုသဖွယ် ဒုက္ခရောက်နေတဲ့ သူတွေ လက်ထဲရောက်ဖို့ ကျွန်တော်တို့ နိုင်ငံဟာ တကယ်လိုအပ်တဲ့ နိုင်ငံလို့မြင်တဲ့အတွက် ဒီအချိန်မှာ အစိုးရပဲပြောပြော၊ ပညာရှင်ပဲပြောပြောသူဌေး၊ဆင်းရဲ သားပြောပြော ပြည်သူအားလုံးဟာ တို့တိုင်းပြည်မှာ ရှိနေပြီး ဒုက္ခသုက္ခအသီးသီးကို လျော့ပါးသွားအောင် သက်သာသွားအောင် ကူညီကြမယ်။ ဘယ်အရာမှမမြဲဘူး။ အစိုးရကလည်း မမြဲဘူး။ ပညာရှင်လည်း မမြဲဘူး။ တိုင်းသူပြည်သားအားလုံးဟာ ရေစီးကြောင်းတခုသဖွယ် စီးဆင်းသွားကြမယ်။ ဘယ်ကိုစီးဆင်းမလဲ။ သချိုင်္င်းကုန်းကိုပဲ။ အဲဒီမရောက်ခင်ကာလလေးမှာ ရှိတဲ့သူတွေ မျှပေးလိုက်ပေါ့။ ပညာတတ်ကြီးတွေက သူ့ပညာတွေ သင်ပေးဖို့ နောက်လူတွေကို မာန မထားဘဲ ပေးလိုက်တော့ပေါ့။ အာဏာရှိတဲ့သူလည်း ထိုးနည်းလည်းကောင်းပဲ။ ငါဒီနေ့အာဏာရှိတာပဲဆိုပြီး အာဏာကို ပြည်သူတွေ ဒုက္ခရောက်နေတဲ့နေရာမှာ ပြည်သူနဲ့ တွဲပါပြီး ခု နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။ ပြည်သူနဲ့အတူ အဲဒီတော့ တကယ်မြေပြင်မှာ ဖျာပေါ်မှာ တချပ်တည်းထိုင်ပြီးတော့ လက်ဖက်ရည် ဆိုင်မှာ ထိုင်နေတဲ့သူ ဘာလိုနေတာလဲ။ စားသောက် ဆိုင်မှာ စားနေတဲ့သူက ဘာလိုနေတာလဲ။ ဘတ်စ်ကားတိုးစီးနေတဲ့သူက ဘာလိုနေတာလဲ။ လူတိုင်းကိုယ့် လိုအပ်ချက်နဲ့ ကိုယ် ရှိနေကြတာပဲ။ သူဌေးကြီးလည်း သူဌေးဒုက္ခ၊ ဆင်းရဲသားလည်း ဆင်းရဲသားဒုက္ခရှိကြ တာပဲ။ ဒါတွေကို အာဏာရှိတဲ့သူက ကိုယ့်ပြည်သူပါပဲ။ ကိုယ်လည်း ပြည်သူထဲက ပြည်သူတယောက်။ ဒီနေ့ တာဝန်ရှိလို့ ငါးနှစ်လာပြီး ပြည်သူအတွက် အလုပ်အကျွေးပြုတာ။ ဒီငါးနှစ်ပြီးသွားရင် ပြည်သူထဲမှာ ပြည်သူတယောက်လို လမ်းပြန်လျှောက်ရမယ်လေ။ အရင်က သမ္မတကြီးဦးသိန်းစိန်တချိန်တုန်းက ၀န်ကြီး ချုပ်လုပ်ခဲ့တယ်။ ခုသူလည်း ပြည်သူထဲက ပြည်သူ တယောက် ပြန်ဖြစ်သွားတာပဲ။ အဲလိုပဲ ဒီနေ့သမ္မတ လုပ်တဲ့သူတွေ၊ ၀န်ကြီးချုပ်လုပ်တဲ့သူတွေ နောင်ပြည်သူထဲက ပြည်သူပြန်ဖြစ်မှာပဲ။ အခု အာဏာရှိချိန်မှာ ပြည်သူနဲ့အတူ တွဲပြီးတော့ တတ်နိုင်သလောက်ပေါ့ဗျာ။ နောက်ဆုံး ဘာမှမတတ်နိုင်ရင် နှုတ်လေးနဲ့ အေးကွာ၊ မင်းတို့ကို ငါအားပေးပါတယ်၊ ထောက်ခံပါ တယ်။ တတ်နိုင်သလောက် ကြိုဆိုပါတယ်။ ကြိုးစားကြပါလို့ နှုတ်လေးနဲ့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ဆွမ်းခံထွက်တဲ့ဆရာတော်တပါးက ပြောဖူးပါ တယ်။ ဘာမှမပေးလိုက်နိုင်ပေမဲ့ ကန်တော့ဆွမ်းပါလို့ ပြောလိုက်တဲ့အခါမှာ ဆွမ်းရလားလို့ ဗုဒ္ဓကမေးတော့ ဆွမ်းရပါတယ်။ ဘာဆွမ်းလဲဆိုတော့ သူက ကန်တော့ဆွမ်းပါလို့ ပြောလိုက်တယ်။ ကန်တော့ဆွမ်း ပါလို့ပြောလိုက်ပေမဲ့ သူတကယ်ဘာပစ္စည်းမှမရှိလို့ မလှူလိုက်နိုင်ပေမဲ့ သူ့စိတ်ထဲက လှူချင်တဲ့ဆန္ဒတွေနဲ့ ကန်တော့ဆွမ်းဟာလည်း ရသလိုပဲ။ ခုလည်း ဒီလိုပါပဲ။ ပြည်သူနဲ့အတူနေမယ်ဆိုရင် ကျွန်တော်တို့ကို ဘာပဲဖြစ်ဖြစ် ကန်တော့ဆွမ်းပါလို့ပြောရင် တော်တော် တိုးတက်မယ့်နိုင်ငံဖြစ်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ပြည် သူအချင်းချင်း အတူတူကူညီမယ့်စိတ်တွေ၊ အတ္တတွေ ငါဘာပဲဆိုတဲ့ဟာမျိုးတွေ လျှော့ချပြီးလုပ်နိုင်ရင် အမြန် ဆုံး ဒီဒုက္ခနွှံထဲကလွတ်နိုင်မယ်၊ အတတ်နိုင်ဆုံး ၀ိုင်းကြိုးစားမယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီဘ၀ သေတဲ့အထိ ထမင်းစားဖို့ကတော့ ကျွန်တော်တို့မှာ ကံတရားကလည်း ပေးခဲ့ပြီးပြီ။ ဒီဘ၀ ဒီလိုနေရတာဟာ အရင်ဘ၀က ပေးခဲ့တဲ့ကံကြောင့် ရလာတာ။ ဒီအတွက် ဒီဘ၀သေတဲ့အထိ ထမင်းစားဖို့အတွက် နေစရာအရိပ်တခုအတွက်တော့ရပြီ အဲဒီတော့ ကျွန်တော်တို့လောက်မနေနိုင်သေးတဲ့ လူတွေ၊ မစားနိုင် သေးတဲ့လူတွေအတွက် မျှဝေပေးဖို့အတွက် ကျန်တဲ့ အချိန်တွေ ပိုပေးလိုက်မယ်ဆိုပြီး ဒီရည်ရွယ်ချက်တွေနဲ့ လုပ်နေတာပါ။

မေး- နောက်ဆုံးမေးခွန်းပေါ့။ ဆရာ မောင်သွေးချွန်တို့လုပ်မယ့် ၁၃၅ မျိုး ချစ်ညီညွတ်ရေးပါတီမှာရော ဘယ်လိုအခန်းကဏ္ဍကနေ ပါသွားမလဲ။

ဖြေ- ကျွန်တော်တို့ကတော့ မဲသွားထည့်မှာပေါ့ဗျာ။

(ဇော်ဇော်ထွန်း မေးမြန်းသည်။)

ဓမ္မ၀ံသာနုရက္ခိတအဖွဲ့အတွင်းရေးမှူးနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ
ဦးစိုးထွန်းရှိန်နှင့် အင်တာဗျူး
----- ----- ----- ----- -----
မကြာသေးမီရက်များက အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး မဘသကို ၀န်းရံခဲ့သော ၀ံသာနုရက္ခိတအဖွဲ့ကိုလည်း ဓမ္မဆိုသော စကားလုံးဖြင့် ထပ်မံဖြည့်စွက်၍ အမည်ပြောင်းလဲခဲ့သည့် မဘသကို ဆက်လက်ဝန်းရံမည်ဟု ထုတ်ဖော်အသိပေးထားသည်။ ထိုသို့ ပြောကြားခြင်းများ ပြုလုပ်ပြီးနောက် ထိုအကြောင်းအရာမှာ အများ စိတ်ဝင်စားစရာတခု ဖြစ်လာပြန်သည်။ စိတ်ဝင်စားရသည့်အကြောင်းများတွင် အဆိုပါအဖွဲ့၏ အတွင်းရေးမှူး ဦးစိုးထွန်းရှိန်၏ ပရဟိတလုပ်ငန်း ပြောင်းလဲလုပ်ကိုင်မှုသည်လည်း တခုအပါအ၀င် ဖြစ်သည်။ ဦးစိုးထွန်းရှိန်သည် အမျိုးသားကြီးပွားတိုး တက်ရေးကုမ္ပဏီဥက္ကဋ္ဌဖြစ်ပြီး ယခင်က စီးပွားရေးလုပ်ငန်းကိုသာ ဦးစား ပေးလုပ်ဆောင်ခဲ့ရာမှ ပရဟိတဘက် ပြောင်းလဲလာခြင်းအား News Watch မှ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်။

မေး- ဒီအဖွဲ့အစည်းက ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်အထိ လိုအပ်လဲ။ ဘယ်လောက်အထိ အရေး ပါလာမလဲ။

ဖြေ- ဘယ်လောက်ထိ လိုအပ်လဲဆိုရင် ပြီးခဲ့တဲ့ မေ ၂၀ ကနေပြီး စတင်ကျင်းပတဲ့ ၂၁၊ ၂၂ ဟိုပုံး ဘက ညီလာခံကြီးကို ကျွန်တော်တို့သွားပြီး တက်ရောက်ခဲ့တယ်။ လေ့လာခဲ့တယ်ဆိုတော့ ဘက ကျောင်း တော်တွေမှာ မြန်မာပြည်တပြည်လုံး ဘုန်းတော်ကြီးတွေ၊ သီလရှင်ဆရာကြီးတွေ ဦးဆောင်ပြီး စာသင် ပေးနေတဲ့ ကျောင်းပေါင်း ၁၅၀၀ လောက်ရှိတယ်။ အဲဒီကျောင်းတွေထဲကမှ သူတို့အားလုံးသည် ပရဟိတ လုပ်နေကြတာ၊ သူတို့ရဲ့ အကျိုးစီးပွားမဟုတ်ဘဲနဲ့ ကလေးတွေရဲ့ ပညာရေးမတတ်နိုင်တဲ့ မိဘတွေအတွက် တချို့ဆိုလည်း မိဘတွေမရှိလို့ပေါ့။ အဲဒီလိုမျိုး ကူညီပြီးတော့ ပရဟိတလုပ်ပေးနေတဲ့ ဆရာတော်တွေ၊ သီလရှင်တွေ သူတို့ကိုယ်တိုင်က အဲဒီညီလာခံကြီးမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက တင်ပြ တောင်းဆို လာတဲ့အချက်တွေမှာ ဘာသွားတွေ့လဲဆိုတော့ လိုအပ်ချက်တွေကြီးပဲ။ တချို့က စားရေး သောက်ရေး မပြေလည်ဘူး။ တချို့က ပညာသင်ပေးတဲ့ ဆရာ၊ ဆရာမ ငှားတဲ့အခါမှာ လစာမပေးနိုင်ဘူး။ အချို့က သင်ကြားနေထိုင်မှုအတွက် အဆောက်အဦတွေမရှိဘူး။ အခက်ခဲတွေပဲတွေ့တာ ကျွန်တော်တို့ ဓမ္မ၀ံသာနုရက္ခိတအဖွဲ့ကြီးအနေနဲ့ လိုအပ်ချက်ရှိတာတွေကို သိရပြီ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က လူစုပြီး ဒေသတွေမှာရှိတဲ့လူတွေစုပြီး လစဉ်လစဉ် မိမိတို့ရရှိတဲ့ ချွေးနှဲစာလေးထဲကနေပြီး ကျပ် ၁၀၀၀ ပေါ့လေ။ စုထည့်ပြီး လိုအပ်တဲ့ပစ္စည်းလေးပါး စာအုပ်စာတမ်းထောက်ပံ့ဖို့ ဆောင်ရွက်မယ်။ ဒါဆိုရင် ကျွန် တော်တို့ တဖက်ကလည်း ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေက သင်ကြားပေးတာဖြစ်တဲ့အတွက် သူတို့လိုတဲ့ ပစ္စည်းလေးပါးထောက်ပံ့လို့ရှိရင် ပြည့်စုံမှုရှိလာမှာဖြစ်သလို တဖက်ကလည်း ကလေးတွေရဲ့ ယဉ်ကျေးလိမ္မာ တသံသရာလုံးလည်း သုံးနိုင်မယ်။ အသိပညာရအောင်ပေါ

Post a Comment

 
Top