0

လည်ပင်းအဆီထုတ်ပြီးနောက် တွေ့ရသည့် ဆုပန်ထွာ
ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ရှိ JW Plastic Surgery Medical Centre တွင် မေလ လယ်က သွားရောက်၍ ပြင် ထားပြီးသားလည်ပင်းအောက်မှ အဆီပိုများကို ဖယ်ထုတ်ခဲ့ ကြောင်း ဆုပန်ထွာက ပြောသည်။
‘‘မပန် လွန်ခဲ့တဲ့ဆယ်နှစ် ကျော်လောက်က နှာခေါင်းထဲကို ဆီလီကွန်တံလေးထည့်ပြီး ပြင်ဖူး တယ်။ အခုသွားတာက အသစ် ပြင်တာမဟုတ်ဘူး။ follow up ပြန်လုပ်တဲ့သဘောပါ။ အရင်က ထည့်ထားတဲ့ ဆီလီကွန်တံလေး ကို ဖယ်ထုတ်လိုက်တယ်။ ပြီး တော့ မပန်နားထဲက အရိုးနုလေး ကိုယူပြီး နှာခေါင်းထဲကိုထည့် လိုက်တာပါ။ ပြီးတော့ မပန်လည် ပင်းအောက်မှာ ဝတော့ အဆီတွေ ရှိတယ်။ အဲဒီအဆီပိုတွေကိုဖယ် ထုတ်လိုက်ပြီး ဆွဲတင်လိုက် တယ်။ အဲဒီနှစ်ခုပဲ လုပ်ခဲ့တာပါ။ တကယ်ဆို မပန်ဗိုက်ကအဆီတွေ ကိုပါ ဖယ်ထုတ်ချင်တာ။ ဒါပေမဲ့ သားသားက ရှစ်လလောက်ပဲရှိ သေးတာကြောင့်ရယ် သူ့ကိုမွေး တုန်းက ဗိုက်ခွဲမွေးထားတာဆို တော့ အချိန်စောင့်တဲ့အနေနဲ့ နောက်ခြောက်လ(ဒါမှမဟုတ်)ရှစ်လလောက်နေမှ ပြန်လာခဲ့ပါ။ အဲဒီအခါကျမှ လုပ်ပါလို့ သူတို့က အကြံပေးတယ်။ အဲဒါကြောင့် နှစ်ခုပဲလုပ်ခဲ့တယ်’’ဟု ဆုပန်ထွာ က ကုသမှုခံယူရသည့်အခြေ အနေကို ပြောကြားသည်။

လက်ရှိတွင် ဆေးဝါးများ ကောင်းမွန်သဖြင့် နာကျင်မှုလုံးဝ မရှိဘဲ ပုံမှန်အတိုင်းသာ လှုပ်ရှား နိုင်သော်လည်း မျက်နှာသည် အနည်းငယ်ရောင်ရမ်းနေသေး ၍ တစ်လခန့် အနားယူရဦးမည် ဖြစ်ကြောင်း သိရသည်။
ဆုပန်ထွာသည် မကြာမီ ရန်ကုန်မြို့၌ဖွင့်လှစ်မည့် Grand Esta Myanmar Beauty Centre၏ ကိုယ်စားလှယ် ခန့်အပ်သည့် အနေဖြင့် ၎င်းနှင့်အတူ သရုပ် ဆောင်မေသန်းနုတို့ကို ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ခေါ်ဆောင်ကာ JW Plastic Surgeryနှင့်ပူးပေါင်း ကာ အလှအပရေးရာနှင့်ပတ် သက်၍ ပြုပြင်လိုသည်များကို ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
Roar Roar Kyaw ဟု အမည်ရသည့် ရှစ်လကျော်ပြီဖြစ် သော သားဦးလေးကို ပိုင်ဆိုင် ထားသည့် ဆုပန်ထွာက နောက် ထပ်ရင်သွေးထပ်ယူတော့မည်မဟုတ်ကြောင်း ယခုလိုဖွင့်ဟ သည်။
‘‘မယူတော့ဘူး။ ကိုဥက္ကာ ရော၊ မပန်ရော အသက်ကြီးပြီ။ လင်မယားနှစ်ယောက် အစက တော့ သားသားခြောက်လပြည့် တာနဲ့ အဖော်ရအောင် နောက် တစ်ယောက် ထပ်ယူမယ်လို့ စဉ်း စားထားတာ။ ဒါပေမဲ့ ကြားထဲမှာ သားသားကိုထိန်းရင်း မပန်ခါးနာ သွားတယ်။ ခါးနာတာမှ ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ နာကျင်မှုမျိုး ကို ခံစားရတာ။ လေဖြတ်တိုက် သွားရင်တောင်နာတယ်။ အဲဒီမှာ မပန်အရမ်းကြောက်သွားတာ။ အဲဒီမှာ မပန်ကိုကြည့်ပြီး ကိုဥက္ကာ က အရမ်းသနားသွားတယ်။ မိန်းမ ကလေးနောက်တစ်ယောက်မယူ နဲ့တော့တဲ့။ သားသားသည် အား လုံးပြည့်စုံတယ်တဲ့။ နောက်ထပ် မရလည်း ဘာမှမဖြစ်ဘူးတဲ့။ နောက် မပန်က အသက်လည်း ကြီးပြီ။(၂၀)၊(၂၅) ဆိုထားဦး။အခုက (၃၀)ကျော်သွားပြီဆိုတော့ မပန်ကတော့ ကလေးထပ်မယူ တော့ဘူး။ သားသားကိုပဲ အကောင်းဆုံးဖြစ်အောင် ပံ့ပိုး ပေးတော့မယ်။ ကိုဥက္ကာကလည်း သဘောတူတယ်’’ဟုပြောသည်။
အနုပညာသက်တမ်း (၁၉) နှစ်ရှိပြီဖြစ်သည့် ဆုပန်ထွာက မကြာမီတွင် ဇာတ်ကားရိုက်ကူး မှုများ ပြန်လည်ပြုလုပ်မည်ဖြစ် သလို ‘သေလောက်အောင်ချစ် တယ်’ဗီစီဒီကို အမြန်ဆုံးထွက်နိုင် အောင် ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။

Post a Comment

 
Top