0
yangon hospital
ရန်ကုန်ဆေးရုံကြီးအဆောင်အသစ် ပထမထပ် ခွဲစိတ်ဆောင်(၃) Female Ward ! “အမေ ဖြစ်သူက ရောဂါကြောင့် ခြေထောက်နှစ်ဖက်လုံးဖြတ်ခဲ့လိုက်ရပြီ …..

အဖေ က အမေ နဲ့ စကားများပြီး ထွက်သွားပြီတဲ့ (သေချာတဲ့စိတ်အထင်အရ တာဝန်မယူချင်လို့ ရှောင်သွားပါလေပြီ … ) မွေးမိခင် အမေ ကိုပြုစုပေးနေရတာက ၃နှစ်အရွယ်လူမမည် သမီးလေး ….
သူမပြောပြတယ် ! ” သမီးက လူနာစောင့် ” တဲ့ ……… ဘေးနားက တခြားလူနာစောင့်တွေက မုန့်လေးတွေကျွေး ထားလေရဲ့ 

သူမ ငုံးဥပြုတ်လေးစားနေတုန်း ကျွန်တော် သူမ ကို ငေးကြည့်မိတယ် ….. မထင်ထားတဲ့အခိုက်အတန့်ပါပဲ ငုံးဥပြုတ်လေး “စားပါဦးလား ” ဆိုတဲ့အမူအရာ ဟန်ပန်လေးနဲ့ပြုလုပ်ပြပါလေရဲ့ …
မထင်ထားဘူးရင်ထဲမှာနင့်နေအောင်ပါပဲ ……. (၀မ်းရေးခက်ခဲနေချိန်တောင် ၃နှစ်အရွယ်ကလေးက ငှဲ့ညှာ တတ်သည် ….. )

ထို့ကြောင့် မပြောပလောက်တဲ့ မုန့် နဲ့အအေးလေး အပြေးဝယ်လို့ သူမအတွက်ပါ …… ထပ်ပြောရပါမယ် ….. နောက်ထ ပ်အမူအရာ မုန့်လေးပေးလိုက်တဲ့အခါ shaken လုပ်ချင်တဲ့အမူအရာနဲ့ လက်လေးထုတ်လို့  ……. ……. ?? !!

တိုက်တိုက်ဆိုင်ဆိုင် ဘေးနားကလူနာကိုလာကြည့်တဲ့ လင်မယားနှစ်ယောက် (ငွေကြေးရှိပုံရသည်) …. သမီးလေးကို ကျောင်းထားပြီးမွေးစားထားမယ် ပြောသံကြားလိုက်တယ် ….. (၀မ်းသာစရာပါ သူမအနာဂတ်လေးတခုအတွက်ပေါ့ ) ………

သို့သော် …… သူမပြန်ဖြေသောစကားက “အမေ့မှာ သမီး တစ်ယောက်ပဲရှိတော့တာ ….. သမီးကျောင်းတက်ချင်တယ် ….. ဒါပေမယ့် သမီး မရှိရင် အမေ့ကိုဘယ်သူပြုစုမှာလဲ …. ” တဲ့
ဟာဗျာ ……… !

(ကာယကံရှင် များအကူအညီမတောင်းခဲ့ပါဘူး စာရေးသူခံစားချက်ကြောင့် ခြေထောက်ဖြတ်ထားရတဲ့ အမေနဲ့ သုံးနှစ်အရွယ်သမီး တို့ကိုကူညီစေဖို့ရေးသားခြင်းနဲ့ ဓာတ်ပုံ ရိုက်ခဲ့ခြင်းသာဖြစ်ပါတယ် )
Credit Yae Naing
Source : https://www.facebook.com/photo.php

Post a Comment

 
Top