0

အမေရိကန်ပြည်ထောင်စု San Francisco မှ သန့်ရှင်းသမားတစ်ယောက်ရဲ့ တစ်နှစ်ပတ်လုံး ၀င်ငွေဟာ ဟာ ပေါင်(၁၉၀,၀၀၀) နီးပါးရှိတယ်လို့ သိရပါ တယ်။Liang Zhao Zhang ဟာဒေသတွင်း ရထားပို့ဆောင် ဆက်သွယ်ရေး Bay Area Rapid Transport (BART) မှာ သန့်ရှင်းဝန်ထမ်းအဖြစ် အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။တစ်ေ န့မှာ(၁၇)နာရီနှုန်းနဲ့ (၁၈)ရက်လုံးလုံးတော က်လျှောက် အလုပ်လုပ်ခဲ့ဖူးပါတယ်။

ပုံမှန်တစ်နှစ်လစာအခြေခံလစာ ၀င်ငွေဟာ (£45,000)ဖြစ်ပြီး ကုမ္ပဏီကနေ ထပ်ပေးတဲ့ ထောက်ပံ့ကြေးကတော့ (£11,500)ပါ။ဒါပေမယ့် သူ့ရဲ့ အချိန်ပို overtime ကြေးဝင်ငွေတစ်ခုတည်းကနေရတဲ့ တစ်နှစ်ဝင်ငွေကတော့ (£130,000)ရှိတယ်လို့ Transparent California ရန်ပုံငွေအဖွဲ့ကနေ ထုတ်ဖော်ခဲ့ပါတယ်။လစာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ KTVU ကနေရခဲ့တာပါ။Liang Zhao Zhang ဟာ ပုံမှန်ရနေတဲ့ အခြေခံလစာထက် overtime ကြေးကနေရတဲ့ ၀င်ငွေက ပိုများနေတဲ့ BART ၀န်ထမ်း(၄၉)ေ ယာက်ထဲက တစ်ယောက်ပါ။ပြီးခဲ့တဲ့သုံးနှစ်အတွင်း Zhang ရဲ့လစာနဲ့တခြား ခံစားခွင့်ထောက်ပံ့ကြေးပေါင်း လိုက်ရင်ရတဲ့ ၀င်ငွေဟာ (£545,556) ရှိပါတယ်။

အချိန်မှတ်တမ်း (Records)တွေအရဆိုရင်တော့ Zhang ဟာစနေ၊တနင်္ဂနွေ ရက်တွေနဲ့သူ့ရဲ့ အားလပ်ရက်တွေအားလုံးမှာ နေ့တိုင်းနီးပါး အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ဒါပေမယ့်လည်း မယုံနိုင်စရာ ၀င်ငွေကြောင့် တစ်ချို့က လည်း သံသယမေးခွန်းတွေနဲ့ မေးတာတွေရှိခဲ့ပါတယ်။KTVU ရဲ့စုံစမ်းမှုအရ BART CCTV မြင်ကွင်းကနေ Zhang တစ်ယောက် သူ့တာဝန်ချိန်မှာပျောက် သွားတာတွေရှိ ခဲ့တယ်လို့ ဆိုပါတယ်။ပထမနေ့ရဲ့ စုံစမ်းမှုမှာတော့ Zhang တစ်ယောက် စတိုခန်အတွင်းသို့ ၀င်သွားကြောင်း၊ကြာချိန်က(၅၄)မိနစ်နဲ့ မိနစ် (၉၀)လောက်ရှိတယ်လို့ သိရပါတယ်။

ဒုတိယနေ့ဗီဒီယိုဖိုင်မှာလည်း စတိုခန်း ထဲကို မိနစ်(၉၀)လောက်ကြာအောင်ဝင်သွားခဲ့ကာ၊ညနေပိုင်းမှာလည်း တံခါးေ နာက်မှာ (၇၈)မိနစ်လောက်ကြာအောင် ၀င်သွားခဲ့တယ်လို့ ဆိုပါတယ်။

BART မှပြောခွင့်ရသူတစ်ဦးကတော့CCTV ထဲက လူဟာ Zhang ဟုတ်၊ မ ဟုတ် အတိအကျတော့ မပြောနိုင်ကြောင်း၊စတိုခန်းထဲမှာ ပျောက်သွားတယ်ဆို တာဟာ သန့်ရှင်းရေးလုပ်တာ၊တစ်ခုခုပျက်လို့ သွားပြီး ပြင်တာလည်း ဖြစ်နိုင် တယ်လို့ ပြောခဲ့ပါတယ်။Zhang ရဲ့ မှတ်တမ်းတွေနဲ့ဝင်ငွေအပေါ် ဘေးလူေ တွက သံသယတွေနဲ့ မေးခွန်းနေပေမယ့် ကုမ္ပဏီရဲ့ သူဌေးကတော့ Mr Zhang အပေါ် အပြည့်အ၀ယုံကြည်နေကြပါတယ်။သူတို့ရဲ့ ၀န်ထမ်းဟာ ဘယ်တုန်းကမှ အလုပ်ပိုခိုင်းလို့ ငြင်းဆန်ခဲ့တာမျိုး မရှိခဲ့သလို အလုပ်ကြိုးစား သူဖြစ်ပြီး သူထမ်းဆောင်ရမယ့် တာဝန်တွေကို အပြည့်အ၀တာဝန်ကျေအောင် ထမ်းဆောင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အခုလို ယုံကြည်ပြီး ရပ် တည်ပေးတာလို့ ပြောခဲ့ပါတယ်။
Ref;thesun

Post a Comment

 
Top