0
ပြီးခဲ့တဲ့ စနေနေ့က စပိန်နိုင်ငံ၊ မာယော့ကာမြို့မှာရှိတဲ့ စပိန်အမျိုးသားတစ်ဦးရဲ့ ထူးဆန်းအပြုအမူလုပ်ရပ်ကို အားလုံးက အံ့အားသင့်နေကြပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်သူပါ။ ရီးယဲလ်အသင်းက ချန်ပီယံ
လိဂ်ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ယူပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါကို သူကလည်း ရီးယဲလ်နဲ့အတူအောင်ပွဲခံခဲ့ ပါတယ်။


သူ့ရဲ့အောင်ပွဲခံမှုက ထူးဆန်းခဲ့တာဖြစ်ပါတယ်။ သူဟာ မာယော့ကာမြို့လည်မှာ တည်ဆောက်ထားတဲ့ ပေ(၂၀)ခန့်
မြင့်တဲ့ ကျောက်တိုင်ပေါ်ကို Spider Manလို ခြေလက်နှစ်ချောင်းတို့ကို အားပြုပြီးတက်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ထိပ်ဖြားနားကိုရောက်တဲ့မယ့်အချိန် (၁၄)ပေခန့်လောက်မှာ ပြန်ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ သူဟာ ပြုတ်ကျတဲ့အရှိန်နဲ့
ကျောက်တိုင်အောက်ခြေနဲ့ ထိခိုက်မိခဲ့တယ်လို့ သိရပါတယ်။

အမြင့်မှပြုတ်ကျခဲ့ပြီးနောက် အဲဒီ(၄၄)နှစ်အရွယ်ရှိတဲ့ ရီးယဲလ်ပရိသတ်တစ်ဦးဟာ အရေးပေါ်အခြေအနေနဲ့ ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ သူဟာ ကျော်ရိုးဒဏ်ရာနဲ့ ခေါင်းဒဏ်ရာအချို့ရရှိခဲ့ပြီး ကံကောင်းလို့ အသက်မသေခဲ့တာဖြစ်ပါတယ်။
ဘောလုံးရူးသွပ်ကြတဲ့ပရိသတ်အများအပြားကို တွေ့ဖူးပေမယ့် အခုလို အသက်နဲ့ရင်းပြီး ရီးယဲလ်အသင်းကို ဂုဏ်ပြု
အောင်ပွဲခံခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ အပြုအမူကိုတော့ မတွေ့ဖူးတာတော့အမှန်ပဲဖြစ်ပါတယ်။

Credit
M2T(Shwemom)
Source; The Sun

Post a Comment

 
Top