0



လေးစားပြီ​လေ ​ဒေါ်​အောင်​​မေရီ စီစစ်​အ​ရေးယူဖို့​တော့လိုအပ်​ပြီ​လေ
16-6-2017
ဒီနေ့ 93း0 နာရီခန့်မှာ ယင်းမာပင်မြို့နယ် တာဝရွာမှာ ပညာရေးအတွက် ကိစ္စတခုနဲ့ ညှိနှိုင်းဖို့အသွား အင်းသာကျေးရွာဘေးမှာ သစ်တင်ဆောင်လာတဲ့ကားတစီး ရှောင်လိုက်ရတယ် လွန်သွားမှ ကားနောက်ခန်းမှာပါလာတဲ့ မြို့နယ် ဒုဦးစီးမှူးကို အဲ့ဒါဘာတွေလည်းလို့ လက်ညှိုးထိုးမေးလိုက် တယ် ဒုဦးစီးမှူးက အဲ့ကားကိုသူနှုတ်တောင်ဆက်လိုက်ပါတယ်။ ကျမက သတင်းပို့ပါလို့ သူ့ကိုညွှန်ကြားတော့ ပို့ပြီးပါပြီအမကြီးတဲ့။ နေ့လည် ၁ နာရီကျ တော့ အမကြီးမမိလိုက်ဘူးတဲ့။ ဒါဘယ်လိုမှမဖြစ်သင့်ဘူး ။
ဒု ဦးစီးကိုယ်တိုင် ဒါဘယ်သူ့ကားဆိုတာသိတယ်။ကျမ ဝန်ကြီးချုပ်ကိုဖုန်းခေါ်ပြီးသတင်းပို့တယ် ။ ကျမကို ဝန်ကြီးချုပ်က စာတင်လိုက်ပါတဲ့ ။ကျမ စာတင်တာကျမအလုပ်မဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်။ ဒီနာရီပိုင်းလေးတောင် မမိလိုက်ဘူးဆိုမှတော့ စာတင်ထိစောင့် နေရရင် ၅ နှစ်ပြည့်သွားပါလိမ့်မယ်။
ဒီကိစ္စကို အမှန်မဖေါ်ထုတ်ခဲ့ကြရင် ဒါမရိုးသားတာပါပဲ။


အမှန်ဖေါ်ထုတ်နိုင်အောင်လည်းကြိုးစားသွားပါမည်။
လေးစားစွာဖြင့်
ဒေါ်အောင်မေရီ
တိုင်းဒေသကြီးအမှတ်( ၂)လွှတ်တော်ကိုယ်စားလှယ်
ယင်းမာပင်မြို့နယ်။

 Credit

Post a Comment

 
Top