1.ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား (Avatar)
3D ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်ဇာတ်ကား တစ်ကားဖြစ်တဲ့ ဒါရိုက်တာကြီး James Cameron ရဲ့ "Avatar"(2009) ဟာ ကမ္ဘာတဝန်း ရုံတင်ပြသငွေ $ 2.8 Billion ရရှိခဲ့တဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ James ပဲ ရိုက်ကူးထားတဲ့ "Titanic" က $ 2.1 billion ကျော်နဲ့ ရပ်တည်နေပါတယ်။
2.Oscar ဆု အများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား
ရုပ်ရှင်ဇာတ်ကားတစ်ကားအနေနဲ
Oscar ဆု 11 ခု ရရှိခဲ့တဲ့ ဇာတ်ကားများကတော့ -
1.Ben Hur (1959)
2.Titanic (1997)
3.Lord Of The Rings: Return Of The King (2003) တို့ပဲ ဖြစ်ပါတယ်။
"Pirates Of The Caribbean" franchise ရဲ့ 4 ကားမြောက်ဇာတ်ကား "On Stranger Tides" ရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ အသားတင် $ 375.8 million ကျော်တောင် ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း Disney ဟာ Box-office မှာ $ 1 billion ကျော် ပြန်လည်ရရှိခဲ့ပါတယ်။

ကနေဒါ ဟာသရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "Swearnet: The Movie" (2014) ဟာ ကျိန်ဆဲစကားအပါဆုံး ဇာတ်ကားအဖြစ် Guinness မှတ်တမ်းစာအုပ်မှာ စာရင်းဝင်ခဲ့ပါတယ်။ အဆိုပါဇာတ်ကားမှာ ကျိန်ဆဲစကား 868 လုံးတောင် ပါဝင်ခဲ့တာပါ။
5. ဈေးအကြီးဆုံး ဇာတ်ဝင်ခန်း ဝတ်စုံ
Fashion icon တစ်ဦးဖြစ်တဲ့ မင်းသမီးကြီး Audrey Hepburn ရဲ့ နာမည်ကျော် "Breakfast At Tiffany's"(1961) ဇာတ်ကားထဲက ဂန္တဝင် အနက်ရောင် cocktail dress ဝတ်စုံကို 2006 တုန်းက လေလံတင်ရောင်းချရာမှာ £467,200 တောင် ရရှိခဲ့ပါတယ်။
အဆိုပါဝတ်စုံဟာ Designer Hubert de Givenchy ရဲ့ လက်ရာဖြစ်ပါတယ်။
ဝင်ငွေအကောင်းဆုံး Animation ဇာတ်ကားကတော့ 2013 က ထွက်ရှိခဲ့တဲ့ Disney ရဲ့ "Frozen" ဇာတ်ကားပဲဖြစ်ပါတယ်။
ကမ္ဘာတဝန်း ရုံတင်ပြသငွေ စုစုပေါင်း $ 1.2 billion ကျော်တောင် ရရှိခဲ့တာပါ။
"Frozen" ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး10 ကား စားရင်းမှာတော့ နံပါတ် 9 နေရာက ရပ်တည်နေပါတယ်။
2012 က ထွက်ရှိခဲ့တဲ့ "The Owner" ဇာတ်ကားဟာ ဒါရိုက်တာ 25 ယောက် ပါဝင်ပြီး ဇာတ်ကားတစ်ကားတည်းကို ဒါရိုက်တာ အများဆုံး ပါဝင်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် Guinness မှတ်တမ်းစာအုပ်မှာ စာရင်းဝင်ခဲ့ပါတယ်။
ဇာတ်ကားတစ်ကားအနေနဲ့ ဝင်ငွေ $1 billion ထိ ရောက်ရှိဖို့ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
2015 က ထွက်ရှိခဲ့တဲ့ "Star Wars: The Force Awakens" ဟာ အမေရိကနဲ့ ကနေဒါမှာ $ 936.7 million နဲ့ နိုင်ငံတကာမှာ $ 1.132 billion - စုစုပေါင်း $ 2.068 billion ကျော် ရရှိခဲ့ပါတယ်။
၎င်းဇာတ်ကားဟာ "Jurassic World"(2015) ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပြသတဲ့ 12 ရက်အတွင်းမှာ ဝင်ငွေ $ 1 billion ရရှိခဲ့တာပါ။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်
"The Godfather" ဇာတ်ကားအတွက် မင်းသားကြီး Marlon Brando ရရှိခဲ့တဲ့ ဇာတ်ညွှန်းစာအုပ်ကို 2005 ခုနှစ်က လေလံတင်ရောင်းချရာမှာ အမည်မဖော်လိုသူတစ်ဦးက $ 312,800 နဲ့ ဝယ်ယူသွားခဲ့ပါတယ်။
"The Turning Point"(1977)
"The Color Purple" (1985)
"The Turning Point"(1977) နဲ့ "The Color Purple" (1985) ရုပ်ရှင်ဇာတ်ကားများဟာ Oscar အတွက် စကာတင် 11 ဆုစီ စာရင်းဝင်ခဲ့ကြပြီး တစ်ဆုမှ မရရှိခဲ့တဲ့ ဇာတ်ကားများဖြစ်ပါတယ်။
ဖြည့်စွက်ချက် -

ဒါကတော့ လက်ရှိ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး 10 ကား စာရင်းဖြစ်ပါတယ်။
နံပါတ် 10 နဲ့ 11 တို့ဟာ တချို့နေရာတွေမှာ ခုချိန်ထိ ရုံတင်ပြသနေဆဲမို့ အပြောင်းအလဲလေးတွေလည်း ရှိနိုင်ပါသေးတယ်။

"Beauty And The Beast" (2017) ကတော့ ဝင်ငွေအကောင်းဆုံး musical (တေးသံစုံဇာတ်ကား) အဖြစ် စာရင်းဝင်နေပါပြီ။
#KHSN
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.