0


တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်ရှိ Qiandao  ရေကန်ကြီးအောက်တွင်မြို့ ကြီး တစ်မြို့လုံး တည်ရှိနေသည်။
ရေ အားလျှပ်စစ်စီမံကိန်းကြီးကြောင့်ယင်းမြို့ ကြီးကို ၁၉၅၉ ခုနှစ်တွင် အာဏာပိုင် အဖွဲ့ က ရေမြှုပ်ပစ်လိုက်ခြင်းဖြစ်သည်။ ခြင်္သေ့မြို့သည် ခမ်းနားထည်ဝါလှသော် ငြား ထိုခေတ်အခါက အရာရှိများက ၅၇၃ စတုရန်းကီလိုမီတာရှိသည့်ရေလှောင် ကန်ကြီး ဖော်လိုသဖြင့် ယင်းသို့လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါ အဆိုပါမြို့ ကြီးသည် ခရီးသွားများကို ဆွဲဆောင်ရာ နေရာကြီးဖြစ်လာပြီဖြစ်သည်။ရေမျက်နှာ ပြင်အောက် ၂၆ မီတာမှ မီတာ ၄၀ အတွင်း တည်ရှိသည့်ထိုမြို့သို့ သိပ္ပံပညာ ရှင်များက သွားရောက်ကာ ရှေးခေတ် တရုတ်လူမှုဘ၀တစေ့တစောင်းကို သိရ လို သိရငြား လေ့လာကြသည်။ နှစ်ပေါင်း များစွာ ရေအောက်ရောက်နေပြီဖြစ်သော် လည်းကျောက်တုံးကို ထွင်းထုထားသည့် အနုစိတ်လက်ရာများမှာ မူလလက်ရာ မပျက်သေးပေ။ ၂၀၀၁ ခုနှစ်က စကာ ယင်း အောက်ထဲ ရေငုပ်ဆင်းလေ့လာသူ ရှိလာပြီး ထို့နောက်ပိုင်း တစ်ဟုန်ထိုး နာ မည်ကျော်သွားတော့သည်။

ခရီးသွား များသည် ရေငုပ်ပြီး ရေအောက်လမ်း များ ကိုသွားရောက်လေ့လာကြသည်။ ရေ အောက်ရှေးဟောင်းမြို့တော်ကြီးဟူ၍ ယခုအချိန်တွင် နာမည်ကျော်နေပြီး မြင်ရ သူတိုင်းကို အံ့အားသင့်သွားစေသော် လည်း ယင်းရေအောက်မြို့ ဖြစ်ပေါ်လာပုံ ကို မေ့မထားအပ်ပေ။

ထိုအချိန်က အာဏာပိုင်အဖွဲ့သည် အဆိုပါမြို့နှင့်အတူ အခြားမြို့ကြီးတစ်မြို့၊ မြို့ငယ်ပေါင်း၂၇ မြို့၊ ရွာပေါင်း ၁ ၃၇၇ ရွာနှင့် စိုက်ပျိုးမြေ ဧကပေါင်း ၅၀၀၀၀ ခန့်ကိုရေအားလျှပ်စစ်စီမံကိန်းအတွက် ရေမြှုပ်ပစ်ခဲ့ကြသည်။ မြို့ပေါင်း၊ ရွာ ပေါင်း၊ လယ်မြေပေါင်းများစွာ ရေမြုပ်သွား သဖြင့် အိမ်ခြေပေါင်းထောင်ပေါင်းများစွာ ရေနစ်ပျက်စီးသွားပြီး လူပေါင်း ၂၉၀၀၀၀ ခန့် ပြောင်းရွှေ့ခဲ့ကြရသည်။

Post a Comment

 
Top