0

နယ်သာလန်နိုင်ငံက ငါးဖမ်းသမားတစ်ဦးဟာ ခေါင်းနှစ်လုံးပါတဲ့ လင်းပိုင်ငယ် အသေလေးကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ငါဖမ်းသမားဟာ ခေါင်းနှစ်လုံးပါတဲ့ လင်းပိုင်ငယ်ကို ဓာတ်ပုံတွေပဲ ရိုက်ကူးထားခဲ့ပြီး နို့တိုက်သတ္တုဝါတွေမဖမ်းရဟူသော နိုင်ငံရဲ့ဥပေဒေနဲ့ ငြိစွန်းမှာစိုးရိမ်တာကြောင့် အဲဒီလင်းပိုင်ငယ်အသေလေးကို ပယ်လယ်ထဲ ပြန်လည်ပစ်ချခဲ့တယ်လို့ သိရပါတယ်

မကြာခင်မှာ ဓါတ်ပုံထဲက ခေါင်းနှစ်လုံးပါတဲ့လင်းပိုင်ငယ်လေးဟာ လူပြောသူပြောများခဲ့ပြီး သုတေသနပညာရှင်တွေက
စိတ်ဝင်စားစွာလေ့လာခဲ့ကြပါတယ်။ သုတေသနပညာရှင်တွေက အဲဒီခေါင်းနှစ်လုံးပါတဲ့ လင်းပိုင်ဟာ မိဘမျိုးရိုးဗီဇ
မှ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သန္ဓေပြောင်းသတ္တုဝါဟု ယူဆနေကြပါတယ်။

ရိုသာဒန်ဆေးတက္ကသိုလ်က ဒေါက်တာ Erwin Kompanjeက အဲဒီခေါင်းနှစ်လုံးပါတဲ့ လင်းပိုင်ဟာ မွေးကတည်း
ကသေဆုံးနိုင်ကြောင်း၊ မွေးခါစလင်းပိုင်ထက် အရွယ်အစားပိုကြီးတာကြောင့် မိခင်ဖြစ်သူမွေးဖွားရခက်မှာဖြစ်ကြောင်း နဲ့ လည်းပင်အောက်မှာ အမွေးနုနုလေးတွေရှိကြောင်းလည်း မှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်

Post a Comment

 
Top