0
အိန္ဒိယနိုင်ငံဟာ အာရှမှာ နိုင်ငံကြီးသလောက် ထူးဆန်းမှုတွေလည်း ခဏခဏထွက်ပေါ်တတ်ပါတယ်။ အခုလည်း အိန္ဒိ
ယနိုင်ငံထဲက ရွာအချို့မှာ အသက်(၈)နှစ်အရွယ်ကောင်လေးကို နတ်ဘုရားဝင်စားတယ်လို့ထင်မှတ်ပြီးကိုးကွယ်နေကြ ပါတယ်။


အဲဒီကောင်လေးရဲ့အမည်က Dulha Singhလို့ခေါ်ပြီး သူဟာ မွေးကတည်းက ခါးမှာ အသားပိုလို အမွှေးရှည်ရှည် လေးပါခဲ့တာဖြစ်ပါတယ်။ အဲဒါကို ရွာသူရွာသားနယ်ခံအချို့က ဒါဟာ သူတို့ကိုးကွယ်ရာ ဖြစ်တဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ မဟာတန်ခိုးရှင်ဟာနုမာန်ဝင်စင်းတယ်လို့ ထင်ပြီး အရိုအသေပြု နေကြတာဖြစ်ပါတယ်။

Dulha Singhရဲ့မိဘတွေဟာ အဲဒီအမွှေးရှည်ရှည်ကို ဖြတ်ဖို့ကြောက်ရွှံ့နေကြပြီး ဖြတ်လိုက်ရင် သူတို့ဒုက္ခရောက်မှာ ကိုစိုးရိမ်နေကြတယ်လို့သိရပါတယ်။ Dulha Singhရဲ့ ဦးလေးဖြစ် Sahib Singhက သူ့တူအကြောင်းကို အခုလို ဖွင့်ဟခဲ့ပါတယ်။


”ကျွန်တော့်ရဲ့အမေဟာ Dulha Singhရဲ့ထွက်နေတဲ့ အမြီးကိုညှပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မလုပ်ခင်မှာပဲ အမေဟာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကတည်းက ကျွန်တော်တို့ Dulha Singhကို အသေအချာဂရုစိုက်ခဲ့ပြီး အမြီးကိုလည်းမညှပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ Sahib Singhက ပြောခဲ့ပါတယ်။


Dulha Singhကိုယ်တိုင်ကလည်း သူ့ရဲ့ကျောကုန်းမှာပေါက်နေတဲ့ အမြီးဟာ ဘုရားကလက်ဆောင်ပေးတာလို့ ယုံ
ကြည်နေပါတယ်။ သူက ”ရွာနီးဝန်းကျင်က လူတွေဟာ နေ့တိုင်း ကျွန်တော့်ဆီလာပြီး အရိုအသေပြုကြပါတယ်။ သူ
တို့တွေက ကျွန်တော့်ကို မဟာတန်ခိုးရှင်ဟာနုမာန်ဝင်စားတယ်လို့ ထင်နေကြတာပါ။ ဒီအမြီးကို ညှပ်ပြစ်ရင် ကျွန်တော် နဲ့ မိသားစုဒုက္ခရောက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအမြီးဟာ ဘုရားပေးတဲ့ဆုလာဒ်ပါပဲ။ ကျွန်တော် မဖယ်ပါဘူး။ အမြီးပေါက်နေတာကို ကျွန်တော် ရှက်လည်းမရှက်ပါဘူး”လို့ ပြောခဲ့ပါတယ်။
 
credit
M2T(Shwemom)
Source; The Sun

Post a Comment

 
Top