0

ပီရူးနိုင်ငံက ကျေးရွာလေး တစ်ရွာမှာ Chucky အရုပ်ပုံစံ ကလေးကစားစရာ အရုပ်တစ်ခုမှာ မကောင်းဆိုးဝါး ၀င်ပူးနေ တယ်လို့ ရွာသားတွေက ယူဆပြီး၊ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ အဆိုပါအရုပ်ကလေးဟာ ဘက်ထရီထုတ်ထားသော်လည်း ထူးဆန်းတဲ့ အသံတွေ မြည်နေတတ်လို့ အံ့သြဖွယ်ရာ ဖြစ်နေပါတယ်


မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုမှာ ဘက်ထရီတွေ အကုန်ထုတ်တားတဲ့ ပေမယ့် အရုပ်ကလေးဟာ စကားပြောခြင်း၊ တခစ်ခစ် ရယ်ခြင်း၊ ဦးခေါင်းလှည့်ခြင်းတွေ ပြုလုပ်နေမြဲပါ။ အဆိုပါ ဗွီဒီယိုကို YouTube မှာ ကြည့်ရှုသူ သိန်းချီရှိနေပြီး၊ ထင်မြင်ချက် တွေလည်း အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ရွာသားတွေရဲ့ အတည်ပြုချက်အရတော့ အဆိုပါ အရုပ်ကလေးဟာ ပရိုဂရမ်ထဲမှာ ထည့်သွင်းထားခြင်းမရှိတဲ့ “မင်းတို့ကို ပျော်ရွှင်မှုတွေ ရှိရာဆီ ခေါ်သွားမယ် “ဆိုတဲ့ စကားနဲ့ ” ငါ ဘယ်ရောက်နေတာလဲ “ဆိုတဲ့ စကားကိုပင် ပြောခဲ့ကြောင်း ဆိုပါတယ်။

အင်တာနက်အသုံးပြုသူ တော်တော်များများကလည်း ဒီအရုပ်မှာ မကောင်းဆိုးဝါး ၀င်ပူးနေတယ်လို့ ယုံကြည်နေကြပြီး တစ်ချို့ကတော့ ရွာသားတွေကို ဉာဏ်တုံးသူများလို့ ဝေဖန်ခဲ့ကြပါတယ်။ ပီရူးနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ယခုအချိန်ထိ စုန်းပူးခြင်း၊ ကဝေပြုစားခြင်း၊ သရဲခိုအောင်းခြင်း အဖြစ်အပျက်တွေကို ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

source : thesun.co.uk

Post a Comment

 
Top