0
ဇွန်လ ၁၈ ရက်နေ့မှာ သွားမှာပါ


 
အဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ ထက်နေခြည်၊ LD ကျော်နဲ့ ကော်ပရာတို့ဟာ ဇွန်လ ၁၈ ရက်နေ့မှာ အင်းစိန်ထောင်ထဲကို သွားရောက်ဖျော်ဖြေမယ်လို့ သိရပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းထောင်သို့ကျရောက်သွားသည့် အမျိုးသမီးများ၌ ကိုယ်ဝန်သန္ဓေသားသမီးများပါရှိသူများရှိ၍ ယင်းအမျိုးသမီးများ ကလေးမွေးဖွားရာ ထိုကလေးများပါ အကျဉ်းထောင်တွင်းနေထိုင်ကြရသောကြောင့် (မိဘ၏ ပတ်ဝန်းကျင်မှ ပြန်လည်ခေါ်ယူစောင့်ရှောက်မှူမရှိသော ကလေးများအတွက်) ယင်းကလေးငယ်များနှင့် မိခင်များ ကို စာရင်းပါ အဆိုတော်များနှင့်ရုပ်ရှင်သရုပ်ဆောင်များ သွားရောက်ဖျော်ဖြေပြီးအလှူဒါနများပြုလုပ်မည်ဖြစ်ပါသည်" လို့ ထူးအယ်လင်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
 
ဒီလို ကုသိုလ်လုပ်နိုင်ဖို့အတွက် ယမင်းကိုကိုတို့ ဦးဆောင်တဲ့ လူမှုရေး ဖောင်ဒေးရှင်းနဲ့ ဖုန်းဆက်ပေးတဲ့ လှမျိုးသဉ္ဇာနွယ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ထူးအယ်လင်းက ရေးသားထားပါသေးတယ်။
ထူးအယ်လင်းနဲ့ ကော်ပရာတို့အဖွဲ့ဟာ ရတနာမာန်အောင် စေတီတည်ဆောက်ရာမှာလည်း အလှူငွေထည့်ဝင်ကာ ငွေအားဒါန ပြုလုပ်ခဲ့တဲ့အပြင် လုပ်အားဒါနလည်း လှူဒါန်းခဲ့ကြပါသေးတယ်

Photos : ထူးအယ်လင်းဖေ့စ်ဘွတ်

Post a Comment

 
Top