မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦး ဖြစ်သလို သူမရဲ့ အသံပြာပြားလေးနဲ့အတူ တမူထူးတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု အထူးရရှိထားတဲ့ သူကတော့ ဆုပန်ထွာ ပဲဖြစ်ပါတယ်။ ယခုချိန်မှာတော့ ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့အတူ သားလေးတစ်ယောက်တောင် မွေးဖွားထားပြီးဖြစ်ပါတယ်။ သူမရဲ့ အိမ်ထောင်ရေး သာယာလှပပေမဲ့ သူမရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုနဲ့ပတ်သတ်ပြီး ဝေဖန်ချက်တွေ ပြင်းထန်ခဲ့မှုအပေါ် သူမရဲ့ ခင်ပွန်းက ယခုလိုပဲ ဖြေရှင်းထားပါတယ်။
"တရားဝင် အရင်အိမ်ထောင်နဲ့ ကွာရှင်းပြီးသွားပြီ။ တရားဝင် လူလွတ်တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ပြီးတော့ မပန်ကို အမေရိကားနိုင်ငံမှာရော မြန်မာနိုင်ငံမှာရော တရားဝင်လက်ထပ်ထားတယ်။ အဲ့ကြောင့်မို့ မပန်က မယားငယ်လည်းမဟုတ်ဘူး။ အကိုတို့အိမ်ထောင်က ပျော်ပျော်ရွှင်ရွှင်လေးဖြစ်နေတယ်။ အကိုတို့ ကျေနပ်တယ်။ မသိလို့ပြောလိုက်တဲ့တာတွေအတွက်လည်း အကိုတို့ ဘာမှမဖြစ်ဘူး။ သိရဲ့နဲ့ပြောတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အကိုတို့ ဘာမှမဖြစ်ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲလေ" ဆိုပြီး မပန်ရဲ့ ခင်ပွန်းကပြောဆိုပါတယ်။
လက်ရှိချိန်မှာတော့ မပန်ဟာ ကိုရီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ခွဲစိတ်မှုကလည်း အောင်မြင်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အနုပညာလုပ်ငန်းတွေနဲ့အတူ ဖွင့်ပွဲတွေတက်ရောက်နေတာကို သူမရဲ့ လူမှုကွန်ယက်မှ တဆင့်သိရပါတယ် ပရိသတ်ကြီးရေ...............
Source: Su Pan Htwar
Source: Su Pan Htwar
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.