0

လူ့လောကမှာ စကားပုံလေးတွေ ရှိပါတယ်။ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ-ဆိုတာလေ။ တစ်ခါတလေကျတော့လည်း လည်လွန်းတဲ့ဘီး ချေး(ချီး)သင့်ဆိုပြီး ဆိုကြပါသေးတယ်။ ဒီသတင်းထဲမှာတော့ လူရွယ်အမျိုးသားတစ်ယောက်ဟာ သတို့သမီးနှစ်ယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံခဲ့ရပါတယ်။

ဒီအချိန်မှာ လူပျိုကြီးတွေဆိုရင် ငါ့များ ဖြစ်လိုက်ပါတော့-ဆိုပြီး ပြောချင်ပြောကြမှာပါ။ တကယ်တော့ မိန်းမတစ်ယောက်ဟာ ရန်သူ တစ်သိန်းနဲ့ ညီတယ်ဆိုရင် အဲဒီအမျိုးသားကတော့ နေ့စဉ်နဲ့အမျှ ရန်သူနှစ်သိန်းနဲ့ တိုက်ပွဲဝင်ရင် တစ်လ
လောက် ကြာရင် အရိုးပေါ် အရေတင်နေမှာ မြင်ယောင်မိပါတယ်။

သတို့သားရဲ့ နာမည်ကတော့ Razul Timbukong ဖြစ်ပြီး အသက်ကတော့ 22 နှစ်ပါ။ သတို့သမီးတွေကတော့ Jarah Mendoza Labangin (20)နှစ်နဲ့ Thelma Guipal (24)နှစ်တို့ ဖြစ်ကြပါတယ်။ ပြဿနာအစကတော့ Razul ဟာ Jarah နဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ကြိုက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရေရှည်လက်တွဲလာလို့ မင်္ဂလာဆောင်မြန်းဖို့ စီ
စဉ်တဲ့အချိန်မှာ နောက်ထပ် ဇာတ်လိုက်မင်းသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။


သူကတော့ Thelma ဖြစ်ပြီး၊ သူမက Razul ဟာ သူမကိုလည်း လက်ထပ်မယ်လို့ ကတိပေးခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တော့ ဆွေမျိုးတွေအချင်းချင်း အတော်လေး ရုန်းရင်ဆန့်ခပ် ဖြစ်လိုက်ပါသေးတယ်။ နောက်တော့ ကျေးရွာ တာဝန်ရှိသူတွေက နှစ်ယောက်စလုံးနဲ့ မင်္ဂလာဆောင်စေဆိုပြီး အမိန့်ချလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Sultan Kudarat ပြည်နယ်က Sampao Lutayan ဆိုတဲ့ တောမကျမြို့မကျ ရွာကလေးတစ်ရွာမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။


source : viral4real.com

Post a Comment

 
Top