0
အမေရိကန်နိုင်ငံ Pennsylvania မြို့မှာ ရှေ့ဖြစ်ဟောဆရာအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုတဲ့ Lee Kaplan အမည် ရ အသက် 51 နှစ်အရွယ် အမျိုးသားဟာ၊ အသိဉာဏ်မဲ့သည့် ၎င်းရဲ့ဖောက်သည်ရဲ့ သမီးခြောက်ဦးစလုံးကို မယားအဖြစ် သိမ်းပိုက်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့ပါတယ်။
ငါးနှစ်ကြာ အနိုင်ကျင့်နှိပ်စက်ခံရပြီးနောက် သူတို့တစ်တွေမှာ အရေပြားရောဂါတွေ ကူးစက်ခံစားခဲ့ရပြီး၊ သွားတွေ ကြွေတဲ့ အထိ ရောဂါတွေက ပြင်းထန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ Kaplan ကို မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု၊ အလိုမတူ ပဲ ဇနီးအဖြစ် သိမ်းပိုက်မှု စတဲ့အမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဖမ်းဆီးနိုင်ဖို့အတွက် သမီးတွေက အသံမှတ်တမ်းကို လျှို့ဝှက်ယူဆောင်ခဲ့ရပါတယ်။ ဆိုပါ အသံဖိုင်ထဲမှာ မိခင်ဖြစ်သူ Savilla Stoltzfu ရဲ့ ပြောစကားလည်း ပါဝင်ပြီး၊ သူမက ” ညည်းတို့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံခံနေရတာကို ငါ သိတာပေါ့ .. ဒါပေမယ့် ဒါကို နတ်ဘုရားက လုပ်တာလို့ အမေက ယုံကြည်တယ် … ဒီနည်းနဲ့ အမေတို့ အဆင်ပြေမယ့် ထောက်ပံ့မှုတွေ ရလာမှာ “လို့ ပြောခဲ့ပါတယ်။

ကာယကံရှင်ကောင်မလေးတွေရဲ့ မိဘတွေက ငွေရေးကြေးရေး အဆင်ပြေတာနဲ့ ရှေ့ဖြစ်ဟောဆရာ Kaplan ထံကို သမီး တစ်ယောက် ဆက်သမယ့်အကြောင်း ကတိပေးခဲ့ကြပါတယ်။ ဒါပေမယ့် သမီးခြောက်ယောက်စလုံးဟာ Kaplan ရဲ့ မယား
တွေအဖြစ် အသုံးတော်ခံခဲ့ရကြောင်း၊ လိင်ပိုင်းဆိုင်ပေးဆပ်မှုကို ပုံမှန်ပြုလုပ်ကြရကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါမှာ သမီးခြောက်ယောက်အနက် အကြီးဆုံးသမီးမှာ Kaplan နဲ့ရတဲ့ ကလေးနှစ်ယောက် ရှိပြီး၊ သူမရဲ့ ညီအစ်မတွေမှာတော့ နောက်ထပ် ကလေးသုံးယောက် ရှေ့ဖြစ်ဟောဆရာနဲ့ ရရှိထားကြောင်း တွေ့ရှိခဲ့ပါတယ်။ Kaplan ဟာ အသိဉာဏ်မဲ့တဲ့မိဘတွေကို အခွင့်ကောင်းယူပြီး Brainwash လုပ်ကာ မိမိရဲ့ယုတ်မာမှုကို အသုံးချခဲ့တာပါ။
ရဲတပ်ဖွဲ့ရဲ့အဆိုအရတော့ အလိုတူအလိုပါလို့ ယူဆရတဲ့ မိဘနှစ်ဦးကို တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သိရပြီး၊ လက်ရှိသူတိုရဲ့သမီးတွေနဲ့တော့ ဆက်သွယ်ခွင့်လုံးဝ မပြုတော့ပါဘူး။ သမီးခြောက်ယောက်စလုံးကို ဆေးရုံမှာ တင်ပို့ခဲ့ရမှာ တော့ သုံးဦးမှာ Lyme disease အမည်ရ အရေပြားရောဂါ ရခဲ့ပြီး၊ အားလုံးနီးပါးဟာ သွားတွေအစားထိုးရမယ်လို့ ဆိုပါတယ်။

အဆိုပါကောင်မလေးတွေအားလုံးဟာ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်တောက်ခံခဲ့ရသလို၊ ကျောင်းလည်း မတက်ခဲ့ ရပါဘူး။ အခြားကလေးတွေနဲ့ ဆက်ဆံရင် မကောင်းတဲ့နတ်ဆိုးရဲ့ ဖမ်းစားမှုကို ခံရမယ်လို့ Kaplan က ခြိမ်းခြောက် ကြောင်းလည်း သိရပါတယ်။ လောလောဆယ်တော့ ကလေးလေးတွေကို စောင့်ရှောက်ရေးဂေဟာမှာ ထားရှိတယ်လို့ သိရပါတယ်။

source : thesun.co.uk

Credit : Shwemom

Post a Comment

 
Top