0






မုံရွာမြို့ l ကျောက္ကာသံလမ်းမီးပွိုင့်အရှေ့ဘက် ဝါစက်ဝင်းရှေ့တွင် ယနေ့( ဇွန်လ ၁၂ ရက်) ညနေပိုင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ဆိုင်ကယ်မောင်းနှင်သူများကို အင်္ကျီနှင့် ပညာပေးလက်ကမ်း စာစောင်များ ပေးအပ်သည်။


အဆိုပါအစီစဉ်နှင့်အတူ ဆိုင်ကယ်မောင်းနှင်သူများကို အမှတ် (၁၇) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ယာဉ်ထိန်;ရဲများက ဆိုင်ကယ်ဦးထုပ် စနစ်တကျ ဆောင်းပေးကာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ နံပါတ်ပြား ပါl မပါစစ်ဆေးပြီး ပြည့်စုံမှသာ အင်္ကျီ လက် ဆောင် ပေးခြင်းဖြစ်သည်။
"မုံရွာမှာက ဆိုင်ကယ်စီးပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းတဲ့သူက ရှားပါးသလိုဖြစ်နေတဲ့အတွက် ပြုလုပ်ခြင်းဖြစ်ပါတယ်"ဟု ဒုရဲမှူးရန်နိုင်က ပြောသည်။

အဆိုပါ အင်္ကျီနှင့်လက်ကမ်းစာစောင်များကို ကြံ့နှစ်ကောင်ဘိလပ်မြေမှ စပွန်ဆာ ပေးအပ်ခြင်း ဖြစ်သည်။
ယင်းကုမ္ပဏီမှ လက်ထောက်ကြီးကြပ်ရေးမှူး မသက်ဇင်က "မုံရွာမှာက ဆိုင်းကယ်စီးတဲ့သူက များတယ်လေ။ ဆိုင်ကယ်စီးတဲ့သူတွေကိုလည်း ယာဉ်စည်းကမ်း l လမ်းစည်းကမ်း လိုက်နာ စေချင်တယ်။ ဒါ့ကြောင့်ပေးတာပါ" ဟုပြောသည်။
စစ်ကိုင်းတိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် နေ့စဉ်တစ်ဦနှုန်းသေဆုံးနေပြီး ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသူဦးရေသည်လည်း တနှစ်ထက်တနှစ် ဆိုးရွားနေသည်။
၂၀၁၃ခုနှစ်တွင် ၃၉၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၄၀၅ ဦး၊ ၂၀၁၅ခုနှစ်တွင် ၄၃၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၄၂၁ ဦး သေဆုံးခဲ့သည်။

source:
Monywa Gazette

Post a Comment

 
Top