0


စပိန်နိုင်ငံ မက်ဒရစ်မြို့ရဲ့ လမ်းတွေပေါ်မှာ ဇွန် ၁၀ ရက်နေ့က ရာနဲ့ချီတဲ့ ဝစ်လစ်စလစ် စက်ဘီးစီးသမားတွေ ဆန္ဒပြခဲ့ပါတယ်။
ကမ္ဘာ့အဝတ်မဲ့ စက်ဘီးစီးရေး ၁၄ ကြိမ်မြောက် ပွဲစဉ်အဖြစ် စီးနင်းတာပါ။ စက်ဘီးစီးနင်းသူတွေ ပိုမိုဘေးကင်းရေးနဲ့ ကားသမားတွေဆီက လေးစားမှုရရှိရေး တောင်းဆို ခဲ့ကြပါတယ်။
ကားတွေ၊ ဘတ်စ်ကားတွေနဲ့အတူ လမ်းပေါ်မှာ စီးနင်းရတာ စက်ဘီးစီးသူတွေ ဘယ်လို ခံစားရတယ်ဆိုတာကို ထင်ဟပ်ဖို့ ယာဉ်ကြောထဲမှာ ဝစ်လစ်စတစ် စက်ဘီးစီးတာလို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။
ရုပ်သံကြည့်ရှုရန်

မြို့တွင်း လေထုညစ်ညမ်းမှုကို လျှော့ချဖို့ လူတွေက စက်ဘီးတွေ ပိုစီးသင့်တယ်လို့ ဒီပွဲစဉ်မှာ ပါဝင်တဲ့ စက်ဘီးသမားတွေက ပြောပါတယ်။ စက်ဘီးစီး သီးသန့်လမ်းတွေကို ပိုသတ်မှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘာတလွှား နိုင်ငံ ၂၀ ကျော်က စက်ဘီးသမားတွေကလည်း ကမ္ဘာ့အဝတ်မဲ့ စက်ဘီးစီးရေး ပွဲစဉ်တွေမှာ ပူးပေါင်းခဲ့ပါတယ်။

Post a Comment

 
Top