0

 မန္တလေးတောင်ခြေတွင် တည်ဆောက်နေသည့် ညဈေးအ သစ်ကို ဇွန်လ ၂၃ ရက်၌ ဖွင့်လှစ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မန္တလေးတောင်ခြေ ယခင် ရတနာပုံ ရေကူးကန်နေရာတွင် ညဈေးသစ်တည်ဆောက်ရန် စည်ပင်သာယာမှ BOT လုပ်ကိုင်ခွင့် ရယူပြီးနောက် ဇန်နဝါရီက စတင်ဆောက်လုပ်ခဲ့ကြောင်း ညဈေးတည်ဆောက်ရေးစီမံကိန်းလုပ်ကိုင်နေသည့် Myanmar Da Yi ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးတည်ကြည်အောင်က ပြော သည်။
‘‘စစချင်း အရင်ရှိနေတဲ့ အ ဆောက်အအုံဟောင်းတွေကို နှစ် လလောက် ဖျက်ရတယ်။ ဒီလ ၂၃ ရက်မှာ BKK night market နဲ့ soft opening ဖွင့်ပြီး ခုနစ်လ ပိုင်းလောက်မှာ နောက်တစ်ဆင့် grand opening ဖွင့်မယ်’’ဟု ဦးတည်ကြည်အောင်က ရှင်းပြ သည်။
ယခုဖွင့်လှစ်မည့် ရတနာပုံ ညဈေးတွင် ပေ ၂၀၊ ၄၀ ဆိုင်ခန်း ခြောက်ခန်း၊ ပေ ၁၀ × ၂၀ ဆိုင် ခန်း ၁၆ ခန်း၊ ၈ ပေပတ်လည်ဆိုင် ခန်း ၂၀၀ ပါဝင်မည်ဖြစ်သည်။
‘‘၈ ပေပတ်လည် အခန်းတွေ ကတော့ tent ပုံစံနဲ့ဖြစ်မယ်။ ကျန်တဲ့အခန်းတွေက steel structure နဲ့ ဆောက်ထားပါတယ်’’ဟု ည ဈေးဆောက်လုပ်နေသည့် ဆိုက် အင်ဂျင်နီယာ ဦးဖြိုးသီဟက ပြောသည်။
စည်ပင်သာယာအနေဖြင့် မြို့လူထုအပန်းဖြေနိုင်ရေး ညဈေး တည်ဆောက်ရန် စီစဉ်ပြီး မြေ နေရာနှင့် ဘတ်ဂျက်ငွေအခက်အ ခဲကြောင့် တည်ဆောက်နိုင်ခြင်း မရှိသေးချိန်တွင် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ညဈေးတည်ဆောက် မည့် အစီအစဉ်အပေါ် သဘော တူလက်ခံခဲ့သည်ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီအတွင်းရေးမှူး ဦးအောင် ကျော်ထွန်းက ပြောသည်။
‘‘ဒီရတနာပုံ ညဈေးဆောက် ရတာက ပိုက်ဆံအကျိုးအမြတ်အ တွက် မဟုတ်ပါဘူး။ အဓိကက တော့ မန္တလေးသားတွေ ညပိုင်း အလည်အပတ်နေရာတစ်ခုကို ဖန်တီးပေးချင်တဲ့ သဘောပါ။ နောက်ပြီး ဆိုင်ခန်းတွေ ဖွင့်မယ့် သူတွေအတွက်လည်း အလုပ်အ ကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်’’ဟု ဦးတည် ကြည်အောင်က ရှင်းပြသည်။
ရတနာပုံ ညဈေးဆောက် လုပ်မည့် မြေနေရာ တစ်နှစ်ငှား ရမ်းခ ကျပ်သိန်း ၃,၀၀၀ ဖြင့် လေ လံအောင်မြင်ထားပြီး ညဈေးအ တွက်ရင်းနှီးမြှုပ်နှံမှု ကျပ်သိန်း ၁၁,၀၀၀ ရှိသည်။
ရတနာပုံဈေးသစ်တွင် အ စားအသောက်၊ အဝတ်အထည်၊ လက်ဝတ်ရတနာရောင်းချမည့် ဆိုင်များ ပါဝင်မည်ဖြစ်ပြီး မြန်မာ့ ရိုးရာရုပ်သေးအက ဖျော်ဖြေပွဲ များ၊ ဓာတ်ပုံရိုက်ကူးနိုင်မည့်နေ ရာများ၊ ကလေးများအတွက် ကစားကွင်းများ၊ ရေကူးကန်များ ပါဝင်မည်ဖြစ်သည်။

7days

Post a Comment

 
Top