0

The Boss လို့အမည်ရတဲ့ Kpop ဂီတအဖွဲ့ရဲ့ မန်ဘာဝင်တစ်ဦးဖြစ်သူ Karam ဟာ သူရဲ့မိန်းမချော ချောနေတဲ့ရုပ်ရည်ရူပကကြောင့် အမျိုးသားပရိသတ်အချို့ရဲ့ အထင်အမြင်မှားခြင်းနဲ့ မကြာခဏရင်ဆိုင်နေရသလို တစ်ခါတစ်ရံမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအထိပါ ကြုံတွေ့နေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
C0xmgzzflnfdbkhyyunn
လတ်တလောခန့်က ပြုလုပ်သွားခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Karam က သူရဲ့ရုပ်ရည်ကြောင့် လူတော်တော်များများက သူ့ကို မိန်းကလေးတစ်ယောက်လို့ အထင်မှားကြလျက်ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Karam ဟာ အမျိုးသားတစ်ဦးရဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားရခြင်း မရှိတာကြောင့် လူအများစုက သူ့ကို ယောကျာင်္းလေးလား မိန်းကလေးလားဆိုတာ သေချာမခွဲခြားနိုင်ပဲ တော်တော်များများကသာ သူ့ကို မိန်းကလေးတစ်ယောက်လို့ ထင်နေကြပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကိုပါ ကျူးလွန်လျက် ရှိနေပါတယ်။ Karam က " ကျွန်တော် အရွှယ်ရောက်လာခဲ့ချိန် ယောကျာင်္းလေးအများစုက ကျွန်တော့်ကို မိန်ကလေးလို့ထင်ပြီး လာနောက်လိုက် လာတို့ထိလိုက်နဲ့ အမျိုးမျိုး လုပ်ကြတယ်။ ဒါတွေက ကျွန်တော်လုံးဝမကြိုက်ပါဘူး။ ဒီလိုတွေ လုံးဝလာမလုပ်နဲ့လို့တော့ မပြောချင်ပေမယ့် ကျွန်တော့်ဘက်ကတော့ တကယ့်ကို မနှစ်သက်ပါဘူး " လို့ ပြောဆိုခဲ့ပါတယ်။ Karam ဟာ သူရဲ့ရုပ်ရည်ပိုင်းကြောင့် ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရာတွေ များစွာရှိခဲ့ပြီး သူအနေနဲ့ Strong Heart ဆိုတဲ့ Talk Show တစ်ခုမှာသာ ပါဝင်ခွင့်ရမယ်ဆိုရင် သူ့အကြောင်းတွေ အားလုံးဖွင့်ဟပြောဆိုမှာဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်ခင်ဗျာ။

Ref : Koreaboo

Post a Comment

 
Top