0
 ကြောက်စရာကောင်းတဲ့ ရုရှားနိုင်ငံက ဖြစ်ရပ်


မိန်းကလေး အလောင်းတွေကိုဖော်ကာ အရုပ်လုပ်တဲ့ လူအကြောင်း Mirror က ဖော်ပြလာပါတယ်။အသက် ၃ နှစ်ကနေ ၁၂ နှစ်အတွင်း သေဆုံးသွားတဲ့မိန်းကလေးတွေရဲ့ အလောင်းကိုဖော်ပြီး ဒီလူက အရုပ်လုပ်တာ ဖြစ်ပါတယ်။Mirror ရဲ့ဖော်ပြချက်အရ ဒီလူဟာ သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံအလယ်ပိုင်း Nizhni Novgorod မြို့က ဖြစ်ပါတယ်။
မော့စ်ကဗင်လို့ခေါ်တဲ့ ဒီသမိုင်းပညာရှင်ဟာ အုတ်ဂူတွေကို ဖောက်ထွင်းပြီးသွားတဲ့အခါမှာ အလောင်းတွေကို အိမ်ယူလာပြီး မမ်မီပုံစံ အရုပ်လုပ်တာဖြစ်ပါတယ်။
လုပ်ပြီးတဲ့အခါမှာ အရုပ်တွေကို နာမည်တွေ ပေးထားပြီး တစ်ခါတစ်ရံမှာ ပါတီပွဲလည်း ကျင်းပပေးတယ်လို့ ဆိုပါတယ်။သူဟာ မိန်းကလေးအုတ်ဂူပေါင်း ၁၅၀ ကို ဖောက်ထွင်းခဲ့ပြီးဖြစ်ပါတယ်။
ရဲတွေရဲ့အဆိုအရ မော့စ်ကဗင်ဟာ သူတူးထားဖော်တဲ့ မိန်းကလေးတွေရဲ့ ဘဝနဲ့ပက်သက်ပြီး အချက်အလက် များစွာကိုလည်း စုဆောင်းထားပါတယ်။အလောင်းတွေနဲ့ အရုပ်လုပ်ဖို့အတွက် ကွန်ပြူတာပေါ်မှာ သူက ပုံစံထုတ် ရေးဆွဲတာဖြစ်ပါတယ်။မော့စ်ကဗင်ဟာ ဘာသာစကား ၁၃ မျိုးတတ်ပြီး အချို့က သူ့ကို ပါရမီရှင်တစ်ဦးအဖြစ် ယူဆထားကြပါတယ်။
သူအဖမ်းမခံရခင်က ဒီသမိုင်းပညာရှင်ဟာ သေသူတွေအပေါ် သူ့ရဲ့စိတ်ဝင်စားမှုနဲ့ ပက်သက်ပြီး စာတမ်း ထုတ်ခဲ့ဖူးပါတယ်။သူ့ပြောပြချက်အရ ၁၂ နှစ်သားလောက်မှာ သူဟာ အသုဘတစ်ခုကို ရောက်ရှိသွားခဲ့ပါတယ်။ အဲ့ဒီ အသုဘပွဲမှာရှိတဲ့ လူအချို့က သေသူ ၁၁နှစ်အရွယ် မိန်းကလေးရဲ့အလောင်းကိုနမ်းအောင် သူ့ကို အတင်းအကြပ် လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲ့အချိန်ကစပြီး သေသူ ကလေးအရွယ်မိန်းကလေးတွေကို သူက စွဲလမ်းသွားခဲ့တာဖြစ်ပါတယ်။
သူဟာ သချိုင်းကုန်းပေါင်း ၇၅၂ ခုကို ရောက်ရှိထားဖူးပြီး တစ်ခါတစ်ရံမှာ အလောင်းရဖို့အတွက် တစ်နေ့တည်းနဲ့ မိုင် ၂၀ လောက် ခြေကျင်သွားတယ်လို့ ဆိုပါတယ်။ရုရှားနိုင်ငံဟာ သူ့ကို ၂၀၁၁ ခုနှစ်ကတည်းက ဖမ်းဆီးထားခဲ့ပြီးဖြစ်ပေမဲ့ တရားရင်ဆိုင်ရန် စိတ်အခြေအနေများဟာ အသင့်မဖြစ်သေးဘူးလို့ တရားရုံးက အမိန့်ချမှတ်ခဲ့ ပါတယ်။

ဒါကြောင့် သူ့ကို စိတ်ကျန်းမာရေးဆေးရုံမှာ ထိန်းသိမ်းထားတော့မှာ ဖြစ်ပါတယ်။

Post a Comment

 
Top