0


ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက် လိုက်ချိန်မှာ အိန္ဒိယကတော့ ၂၀၃၀ ပြည့်နှစ်ကစပြီး လျှပ်စစ်ကားတွေကိုပဲ စတင်ရောင်းချတော့မယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံး နိုင်ငံ တွေထဲမှာ တစ်ခု အပါ အဝင် ဖြစ်ပြီး လေထု သန့်စင်ရေး ကြိုးပမ်းမှု တစ်ရပ်အနေနဲ့ ဓာတ်ငွေ့ စွမ်း အင်သုံး မော်တော်ယာဉ်တွေ ရောင်းချမှုကို ရပ်ဆိုင်းသွားဖို့ ရည်မှန်းထား တယ်လို့ အိန္ဒိယ စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။ နိုင်ငံရဲ့ စီးပွားရေး တိုး တက် ကြီးထွား လာမှုနဲ့အတူ စက်မှုလုပ်ငန်း အသစ်တွေနဲ့ ရွှေ့ပြောင်း အခြေချ လုပ်ကိုင်သူတွေ တိုးပွားလာခြင်းက နိုင်ငံရဲ့ လေထု ညစ်ညမ်းမှုကို ပိုမိုဆိုးဝါး လာစေပါတယ်။ အခုအဲဒီဒဏ်ကို အိန္ဒိယနိုင်ငံသား ၁.၃ ဘီလီယံ ခံစားနေရပြီး လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်ကို လူသေဆုံးမှု ၁.၂ သန်း ရှိတယ်လို့ အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။ နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ နယူး ဒေလီမှာ လေရှုရှိုက် ရတာဟာ တစ်နေ့ကို စီးကရက် ၁၀ လိပ် သောက်သုံး တာနဲ့ ညီမျှတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ လျှပ်စစ်ကား ထုတ်လုပ် မှုကို အစောပိုင်း နှစ်တွေမှာ အစိုးရက ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မော်တော်ကား ထုတ်လုပ်သူတွေ အနေနဲ့ ကုန် ကျ စရိတ်တွေကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ထုတ်လုပ် သွားရမယ်လို့ အိန္ဒိယစွမ်းအင် ဝန်ကြီးက ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်ကျရင် လျှပ်စစ်ကားနဲ့ လောင်စာနှစ်မျိုးသုံး ကားတွေရဲ့ရောင်းအား အစီးရေ ၆ သန်းကနေ ၇ သန်း အထိ ရှိလာဖို့ အိန္ဒိယ အစိုးရက မျှော်မှန်းထားပါတယ်။
Ref: CNNMoney

Post a Comment

 
Top