0
ည ၉ နာရီကျော် 34/78 လမ်းထောင့် သွေးလှူသွားရင်း ဒိုင်မွန်းနားမှာ အလုခံရတဲ့ ဧရာဝတီကလာတဲ့ ဧည့်သည် ၂ ဦးမှာ လမ်းလျှောက်ရင်း အလုခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။တစ်ယောက်ကတော့ ဘာမှမေးမရ။

အရေးပေါ်လူနာ ၂ဦးကို သွေးထွက်လွန်နေရာမှာ လက်အိတ်မပါ ဆေးပစ္စည်းမပါပေမဲ့ မနေသာတဲ့အဆုံး နီးစပ် ရာ ကားခေါ်ပြီး ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ၂ဦးလုံးပို့ဆောင်ပေးခဲ့ပြီး ဆေးရုံတက် စာအုပ်ပါ ကူညီလုပ်ေ ဆာင်ပေးခဲ့ပါတယ်။
ကိုယ်တွေ ညကလဲ မအိပ်ရ တနေ့လုံးလဲ မအိပ်ရမို့ ဒီလူနာ၂ဦး လူနာစောင့်မရှိတာ စိတ်တော့မကောင်းပါဘူး သွေးကလဲပို့ရမှာမို့ ထားခဲ့လိုက်ရတယ်။

ဒီလိုလူနာတွေ နေရာဒေသ မပြောနိုင်ကြတဲ့ သတိမေ့ အရေးပေါ် လူနာတွေအတွက် ပရဟိတမိသားစုတွေ တခုခုတော့လုပ်သင့်နေပါပီ ။
Source : အလင်းစေတမန် အွန်လိုင်း ပရဟိတ

Post a Comment

 
Top