0
လက်ရှိမှာဝေဖန်ခံနေရတဲ့ “ကျွန်” ရုပ်ရှင် ဇာတ်ကား နဲ့ ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်  တာညွှန့်မြန်မာညီညီအောင် က “ဘုရားကျွန်ဆိုတာကို မြင့်မြတ်တဲ့မျိုးရိုးတစ်ခုအနေနဲ့ချပြ တာ၊ပုဂံမှာရှိနေတဲ့ ဘုရားကျွ န်တွေကို နှိမ်လိုက်တာမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိတွင်ရုံတင်ပြသနေဆဲဖြစ်ပြီးတစ်ဘက်တွင်အပြည့်အ၀ အားပေးမှုရရှိထားသလို တစ်ဘက်တွင်လည်း ဝေဖန်ခံနေရ တဲ့မြန်မာ့ရုပ်ရှင် ဇာတ်ကားပါ။နေတိုး၊မြင့်မြတ်၊ ၀တ်မှုံရွှေရည်၊စိုးမြတ်သူဇာ၊ရဲအောင်အပါအ၀င် အနုပညာသရုပ်ဆောင်ေ တွနဲ့ပုဂံဒေသကို အခြေပြုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

“အားပေးတဲ့သူတွေလည်းများတယ်၊အဲ့ဒီလိုပဲဝေဖန်နေကြတဲ့သူတွေလည်းအရမ်းကိုများနေတာကိုတော့သိပါတယ်။အခုလို ဝေဖန်ပြောနေကြသလိုမျိုးအဓိပ္ပယ်နဲ့ဒီဇာတ်ကားကိုရိုပ်ကူးခဲ့တာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တဲ့ “ကျွန်”ရဲ့အဓိပ္ပ ယ်က လောဘနောက်လိုက်ရင် လောဘကျွန်၊ဒေါသနောက်လိုက်ရင် ဒေါသကျွန် မောဟနောက်လိုက်ရင် မောဟ ကျွန်ပဲ။
အဲ့ဒီလို လောဘ၊ဒေါသ၊မောဟရဲ့ကျွန် တွေထဲမှာ ဘုရားဝေယျာဝစ္စလုပ်ပြီးတော့ ဘုရားကျွန် လုပ်တဲ့ ဘုရားကျွန်က မြ တ်တယ်ဆိုတာမျိုးကို ကျွန်တော်က ရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကျွန်တော့ ဘက်ကတော့ဘာမှ မတုံ့ပြန်ချင်ဘူး ။ ဒီဇာတ်ကား ရဲ့အဓိပ္ပယ် ကို သိစေချင်တာပဲရှိတယ်” လို့ပြောကြားထားပါတယ်။

အဆိုပါ ဇာတ်ကား ထုတ်လုပ်သူက ပုဂံ မှာ ရိုက်ကူးစေချင်တဲ့အတွက်၊ ပုဂံ မှာရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ၊မြန်မာတွင် သာ မက ကမ္ဘာအထိပါပြသလို့ရအောင်ဆိုတဲ့စိတ်နဲ့ရိုက်ခဲ့ကြောင်း၊အနုပညာသမား ဖြစ်တဲ့အတွက် ဝေဖန်မှုကိုနားထောင်ေ ကြာင်း၊ အခုဝေဖန်နေသံတွေက တစ်ဘက်သက်ဖြစ်နေကြောင်း၊ဒီ ဇာတ်ကား ကိုရိုက်ကူးရန် ဘုရားကျွန်တွေရှိရာရွာကို သွားခဲ့ကြောင်း၊ အလှူလုပ်ဖို့နဲ့ရိုက်ကူးခွင့်ကို အဆိုပါ ရွာလူကြီး ထံတောင်းဆိုဖို့ သွားခဲ့ကြောင်း၊အမှန်တကယ်ရိုက်ကူးရန် သွားချိန်တွင် ရိုက်ကူးခွင့်မရခဲ့ကြောင်း၊၁၉၉၀ ၀န်းကျင်လောက်က ရောက်ဖူးခဲ့ကြောင်း ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအော င်က ထပ်မံပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဆိုတဲ့လူက ဘယ်တော့မှ ဘယ်သူ့ကိုမှ အပုတ်ချချင်တဲ့ စိတ်လည်းမရှိဘူး။ဘယ်သူ့ကိုမှ နှိမ့်ချချင်တဲ့ စိတ်လည်းမရှိဘူး” လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် က ဖြည့်စွက်ပြောကြခဲ့ပါတယ်။
Source: DemocracyToday

Post a Comment

 
Top