0


နိုင်ငံခြားတီဗီဇာတ်လမ်းတွဲတွေဟာ အောင်မြင်ရင်အောင်မြင်သလောက် Season များစွာ ရိုက်ကူးဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ တွဲဖက်သရုပ်ဆောင်တွေဟာ အချင်းချင်းသံယောဇဉ်ဖြစ်ပြီး အပြင်လောကမှာ ချစ်ကြိုက်သွားကြတတ်ပါတယ်။ ဒီထဲကမှ လူသိလည်းများတဲ့ လိုက်လည်းလိုက်ဖက်တဲ့ စုံတွဲအချို့ကို ဖော်ပြပေးချင်ပါတယ်။
Dswecml44tjtjv92q2js

Emily VanCamp နဲ့ Josh Bowman

ဒီနှစ်ယောက်ကိုတော့ မြန်မာပရိသတ်တွေ သိပ်မစိမ်းလောက်ဘူးထင်ပါတယ်။ သူတို့နှစ်ဦးဟာ 5 Series တို့ 5 Plus တို့လွှင့်ဖူးတဲ့ ကလဲ့စား ( Revenge ) ဇာတ်လမ်းတွဲရဲ့မင်းသားနဲ့မင်းသမီးတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ အမြဲလိုလို ချစ်ကြိုက်ခဲ့ရပေမယ့် အပြင်လောကမှာ သူတို့ရဲ့ချစ်သူသက်တမ်းဟာ တိုတောင်းခဲ့ရပါတယ်။
Ilxn231wacqdpo0pkbjm

Blake Lively နဲ့ Penn Badgley

သူတို့နှစ်ဦးကတော့ Gossip Girl ဇာတ်လမ်းတွဲမှာ ကွဲလိုက်ပြန်တွဲလိုက် ချစ်သူတွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရင်း အပြင်မှာပါ တကယ်ချစ်ကြိုက်သွားကြတာဖြစ်ပါတယ်။ သို့ပေမယ့် Blake Lively က Deadpool မင်းသားကြီး Ryan Raynold နဲ့ မင်္ဂလာဆောင်သွားပြီဖြစ်လို့ သူတို့အချစ်ဇာတ်လမ်းဟာ အတိတ်တစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပြီဖြစ်ပါတယ်။
Bgednr2jdsd9lepoidwf

Nina Dobrev နဲ့ Ian Somerhalder

The Vampire Diaries ဇာတ်လမ်းတွဲရဲ့အဓိကသရုပ်ဆောင်နှစ်ဦးမှာလည်း ဇာတ်လမ်းတွဲမှာ စိတ်နှစ်ကာသရုပ်ဆောင်ရင်းနဲ့ အချင်းချင်းချစ်ကြိုက်မိသွားခဲ့ပါတယ်။ နှစ်အနည်းငယ်ချစ်ကြိုက်ခဲ့ပေမယ့် Ian Somerhalder ကတော့ အခုအခါမှာ မင်းသမီး Nikki Reed နဲ့ လက်ထပ်လိုက်ပြီပဲဖြစ်ပါတယ်။
Hfsuzqtfjbhe3pezurrm
Mila Kunis နဲ့ Ashton Kutcher

သူတို့နှစ်ဦးကတော့ ထူးခြားဆုံးစုံတွဲလို့ ပြောရမလို့ပါ။ ဘာလို့ဆိုတော့ သရုပ်ဆောင်အတော်အများက ချစ်သူအဆင့်လောက်အထိ ဖြစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးကတော့ မင်္ဂလာဆောင်ပြီး ကလေးတွေတောင်ရတဲ့အဆင့်ထိပါ ရောက်ရှိသွားနေပြီဖြစ်လို့ပါပဲ။ မင်းသမီး Mila Kunis နဲ့ မင်းသား Ashton Kutcher တို့ဟာ That '70s Show မှာ တွဲဖက်သရုပ်ဆောင်ရင်းနဲ့ အပြင်မှာချစ်ကြိုက်သွားခဲ့တာဖြစ်ပါတယ်။ Hwhdjvmry3i78syupqui

Post a Comment

 
Top