0

 နေပြည်တော် ၊ ဇွန် ၂၂
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းသွားရေး လုပ်ဆောင်သွားမှာ မဟုတ်ဘဲ အာမခံ ရ တဲ့ ပုဒ်မ တစ်ခု ဖြစ်အောင်သာ ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေး ကော်မရှင်ဒုတိယဥက္ကဌ ဒေါက်တာအောင်ခင်က ပြောပါတယ်။”အဓိက က ပြည်သူတွေလိုလားနေတဲ့ အာမခံရရေးကိုသာ ပြင်ဆင်ဖို့ လုပ်ထားပါတယ်”လို့ သူကပြောပါတယ်။

ဇွန်လ၂၂ရက်နေ့က ကျင်းပတဲ့ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ သူက အထက်ပါအတိုင်းပြောကြားခဲ့တာပါ။အဲ့ဒီလို ပြင်ဆင်နိုင်ရေး အတွက် ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို ပြီးခဲ့တဲ့ ၂လကတည်းက ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Post a Comment

 
Top